လိမ်တယ်ဆိုတာ ဘယ်နည်းနဲ့မှမကောင်းတဲ့အလုပ်ပါပဲနော်။ ဘုရားလည်းမကြိုက်သလို လူ့ပတ်ဝန်းကျင်ကလည်း လက်မခံတဲ့လုပ်ရပ်ပါပဲ။ဒါပေမယ့် လိမ်တာကို ဆရာကျကျလိမ်နိုင်ပြီး လူ့ပတ်ဝန်းကျင်က လက်ခံအားပေးခြင်းခံခဲ့ရတဲ့ လူတစ်ဦးတော့ရှိခဲ့ဖူးပါတယ်။ သူ့နာမည်ကတော့ Frank Abagnaleပါ။ လက်ရှိအလုပ်ကတော့ အမေရိကန်လို နိုင်ငံကြီးတစ်နိုင်ငံရဲ့ လုံခြုံရေးအတွက်အကြံပေးနေရတဲ့အရာရှိတစ်ယောက်ပါ။ ဒီလိုအရာရှိတစ်ယောက်မဖြစ်ခင် သူဘယ်လိုတောင်ဆိုးဆိုးရွားရွားလိမ်ခဲ့လဲ ဆိုတာကိုပြောပြပါမယ်နော်။

ဧပရယ်လ ၂၇ရက် (၁၉၄၈)ခုနှစ်မှာမွေးဖွားခဲ့တဲ့ Frankဟာ ကမ္ဘာကျော်တဲ့အထိတောင်ဆိုးရွားခဲ့တဲ့ လူလိမ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ အသက်(၁၆)နှစ်အရွယ်လောက်မှာ သူ့ဖခင်ရဲ့ Credit Cardကနေ ၂.၅မီလီယမ်က်ုတစ်ထိုင်တည်း ခိုးခဲ့ရာကနေစတာပါ။ဒါကို သူ့ဖခင်တောင်သတိမထားမိပါဘူး။ သူဟာ ဒီပိုက်ဆံတွေနဲ့ ၁၉၆၀ ခုနှစ်လောက်မှာတော့ အလုပ်သမားIDကဒ်တွေ လေယာဉ်မှူးလိုင်စင်တွေကို အတုပြုလုပ်ပြီးတော့ နိုင်ငံတွေကို လှည့်လည်သွားလာနိုင်ခဲ့ပါသတဲ့။ အခြားအခြားသော အတုပြုလုပ်မှုကြီးကြီးမားမားတွေလည်းရှိခဲ့ပါသေးတယ်။ပြီးတော့ အရမ်းတော်တဲ့ စုံထောက်တွေ အင်စပက်တာတွေနဲ့ရဲတွေဆီကနေလည်း လက်တစ်လုံးခြား နှစ်ကြိမ်လောက်လွတ်ခဲ့ပါသေးတယ်။

ပြီးတော့ သူ့ရဲ့Bank အကောင့်ထဲမှာရှိတဲ့ သူစုထားတဲ့ငွေထက်များတဲ့ ပမာဏတွေကိုလည်း တင်းကြပ်တဲ့လုံခြုံရေးစနစ်တွေကိုလှည့်စားပြီးတော့ ကောင်းကောင်းထုတ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိမ်လည်မှုတွေဆက်မလုပ်ချင်တော့တဲ့ သူဟာ အကျဉ်းထောင်ထဲကို ငါးနှစ်လောက်သွားအောင်းနေခဲ့ပါသေးတယ်။ပြန်ထွက်လာတဲ့အခါမှာတော့ Federal Bureau of Investigationလို့ခေါ်တဲ့ FBIအသင်းမှာ သူ့ရဲ့ ထက်မြက်လှတဲ့စွမ်းရည်ကြောင့် ဆရာအဖြစ်သင်ကြားဖို့ကမ်းလှမ်းခံခဲ့ရလို့ သင်ကြားပေးခဲ့ရပါသေးတယ်။ အခုဆိုရင် သူ့ရဲ့အကြောင်းကို ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတောင်ထွက်ရှိလာခဲ့ပါသေးတယ်။ကဲ.... ဘယ်လိုတောင်တော်တဲ့ လူလိမ်တစ်ယောက်လဲဗျာ။ အတုတော့မခိုးသင့်ပေမယ့် တော်တော်ကို တော်တယ်ဆိုတာတော့အသိအမှတ်ပြုပေးရမှာအသေအချာပါပဲ။

Source : Frank Abagnale

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။