မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် မတ် ၂၁ ရက်မှ ၂၆ရက်အထိ လက်ခံ ကျင်းပခဲ့သည့် အာဆီယံ ချန်ပီယံရှစ်တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် လူငယ်တိုက်ကွမ်ဒို ပြိုင်ပွဲတွင် မြန်မာတိုက်ကွမ်ဒိုအဖွဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရှိ Feather Weight ပြိုင်ပွဲတွင် ဇော်ဇော်က ငွေတံဆိပ်ဆု၊ Bantam Weight ပြိုင်ပွဲတွင် အောင်ကျော်ကျော်က ကြေးတံဆိပ် Fly Weight ပြိုင်ပွဲတွင် ဒေစီဦးဂျူးလိယက်က ငွေတံဆိပ်နှင့် ဇော်လင်းထက်က ကြေးတံဆိပ်ကို လည်းကောင်း၊ လူငယ်တိုက်ကွမ်ဒို အသက် (၁၂)နှစ်မှ (၁၄)နှစ် Heavy Weight ပြိုင်ပွဲတွင် သားညီက ရွှေတံဆိပ်၊ Light Weight ပြိုင်ပွဲတွင် ကောင်းခန့်ဇော်က ရွှေတံဆိပ်၊ Bantam Weight ပြိုင်ပွဲတွင် သိင်္ခမိုးသဲက ငွေတံဆိပ်၊ Fin Weight ပြိုင်ပွဲတွင် စစ်ဟိန်းနှင့် ခိုင်ဇာဇာသိမ့်တို့က ငွေတံဆိပ်၊ Light Weight ပြိုင်ပွဲတွင် ဟန်နီစိုးက ကြေးတံဆိပ်၊ Bantam Weight ပြိုင်ပွဲတွင် စုရည်နိုင်က ကြေးတံဆိပ်၊ Fly Weight ပြိုင်ပွဲတွင် မြတ်မင်းဟန်က ကြေးတံဆိပ်ကို လည်းကောင်း၊ လူငယ်တိုက်ကွမ်ဒို အသက် (၁၅)နှစ်မှ (၁၇)နှစ် Bantam Weight ပြိုင်ပွဲတွင် ဟန်ကိုကိုထွန်းက ငွေတံဆိပ် ဆုကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။

မြန်မာတိုက်ကွမ်ဒိုအသင်းသည် စုစုပေါင်းရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ်ငါးခု ရရှိခဲ့ကြောင်း သိရသည်။

(မောင်မောင်ဇော်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။