ပရိသတ်တွေကြားရေးပန်းစားနေတဲ့ ၇၃ နှစ်အရွယ် အဘိုးအိုတစ်ဦးရဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမှုကတော့ တကယ်ကို အားရစရာဖြစ်စေခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူတွေအတွက် အားဆေးတစ်ခုဖြစ်သလို ပြည်တွင်း ပရိသတ်တွေအတွက်လည်း အံ့အားသင့်စရာဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ အဘိုးရဲ့နာမည်ကတော့ ဦးစိုင်းအောင်ညွန့်ဖြစ်ပြီး အသက် ၇၃ နှစ်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။  

အဆိုပါ အဘိုးအိုကတော့ ဒီကနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့မှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းမှာ သွားရောက်ဖြေဆိုခဲ့ကြောင်း သိရပါတယ်။ အသက်အရွယ်ကြီးရင့်သူတစ်ယောက်ဖြစ်ပေမယ့် ပြည်သူများစွာရဲ့ ချီးကြူးဂုဏ်ပြုမှုတွေ ကိုယ်တိုင် ရဲရင့်တဲ့ သတ္တိရှိမှုတွေကြောင့် မြန်မာစာဘာသာကို အကောင်းဆုံးဖြေဆိုနိုင်ခဲ့ကြောင်းသိရပါတယ်။  

အဘိုးဦးစိုင်းအောင်ညွန့်ဖြေဆိုခဲ့တဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းကတော့ စာဖြေခန်း ၂၇ ခန်းရှိပြီး ကျောင်းသားဦးရေ ၈၀၀ လာရောက်ဖြေဆိုခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ ပထမဆုံး ဘာသာကို အကောင်းဆုံးဖြေဆိုနိုင်ခဲ့တဲ့ အဘိုးဦးစိုင်းအောင်ညွန့်ရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - mYANMAR DIGITAL NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။