ရှေးယခင်က မှို တွေ ဟာ ယခုလို ပုံမျိုး ပေါက်ရောက်နေပြီဆိုလျှင်လူတွေ က

နတ်သမီး မြေဝိုင်း ( fairy ring) လို့တင်စား ခေါ်ဝေါ်ကြပါတယ်။ အဆိုပါ မြေဝိုင်းနားကို ဘယ်သူမှမသွား ရဲကြပါဘူး။

အကယ်၍ မြေဝိုင်း ထဲဝင် သွားသော သူသည် အရှင်လတ်လတ် တမလွန်သို့ ဘဝကူးပြီး လူ့ဘဝ ကို ပြန်မလာနိုင်တော့ဘူး ဟု အဆိုရှိကြပါသည်။တချို့ရာဇဝင်တွေမှာတော့ မြေဝိုင်း ထဲဝင် သွားသူသည် စုန်းမများပြုစား ခံရကာ လူ့အသိစိတ်နဲ့ ကင်းကွာပြီး

ဘာ စကားမှမပြောဘဲ ကြောင်တောင်တောင် ဖြစ်သွား ခဲ့ကြသည် ဟု ဆိုပြန်ပါတယ်။

ဥရောပတိုက်သားတွေကတော့ အဆိုပါ မြေဝိုင်းကို နတ်သူငယ်တွေ ပျော်မြူးကြတဲ့ နေရာ အဖြစ် အယူ ရှိကြပါတယ်။

တစ်ချို့က ဤ မှိုမြေဝိုင်း သည် မိမိအိမ်နား မှာ အလိုလို ပေါ်လာပြီဆို လျင် ကံကောင်းတယ်လို့ ဆိုပြန်ပါသည်။

၎င်းပုံပြင် ဖြစ်ပေါ်လာပုံသည် Amanita phalloide အမည်ရှိ မှိုတစ်မျိုး ဟာ အနံ မွှေးမွှေးလေး ရှိပေမယ့်

ထိလိုက်တာ နဲ့ အခန့်မသင့် လျင် လူသေ သွားနိုင်ပါတယ် လူတွေလည်း သေခဲ့ ဖူးပါတယ်။ 

Amanita phalloide မှိုဟာ ဥရောပ တိုက်တွင် ဆောင်းဦးပေါက် ရာသီမှာပေါ်လာတတ်ပြီး လူသေတတ် သလို

ယခု ကဲ့သို့ မြေဝိုင်း ပုံလည်း ဖေါ်တတ် သောကြောင့် လူတွေ က ကြောက်နေခြင်းဖြစ်ပါတယ်။

အကယ်၍ မြေကြီးထဲမှာ မှိုတွေ အတွက် မြေဩဇာ ရှိနေလျင် Amanita phalloide မှို တင်မဟုတ် ဘဲ အခြား မှိုတွေလည်း တစ်ခါတစ်လေ နတ်သမီး မြေဝိုင်း ပုံဖေါ်လေ့ ရှိပါတယ်။ ၎င်းမှိုကို Death cap သေမင်း ခွက် လို့လူသိများပါတယ်။ 

Source : သံဇဉ်မိုးဇတ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။