ဒီကနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ပထမဆုံးဖြေဆိုရက်မှာ ပြည်တွင်း ကျောင်းသား၊ ကျောင်းသူများစွာ သွားရောက်ဖြေဆိုခဲ့ကြပြီး အကောင်းဆုံးနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြေဆိုနိုင်ခဲ့ကြကြောင်းသိရပါတယ်။ အဆိုပါ စာမေးပွဲဖြေဆိုမှုတွေထဲမှာ အဆင်ပြေပြေဖြေဆိုနိုင်ခဲ့ကြသူတွေရှိသလို အခတ်အခဲအချို့နဲ့ ရင်ဆိုင်ခဲ့ရသူတွေလည်း ရှိခဲ့ကြောင်း ယာဉ်ကြောထိန်းသိမ်းရေးအဖွဲ့မှ သိရပါတယ်။  

အဆိုပါ စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူတွေထဲမှာ ကျောင်းမှားသွားရောက်ခဲ့သူအချို့ရှိခဲ့ပြီး ယာဉ်ကြောထိန်းသိမ်းရေးအဖွဲ့မှာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ ၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး "စမ်းချောင်းမြို့နယ်ရှိ အ.ထ.က( ၂) စမ်းချောင်းသို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းလွဲမှား ရောက်ရှိလာ သည့် ကျောင်းသားအား အချိန်မှီစာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကျောင်းရှေ့တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များသည် ဖြေဆိုမည့်ကျောင်း အ.ထ.က(၂)ကြည့်မြင်တိုင်သို့ မီးတန်းဆိုင်ကယ်ဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း" သိရပါတယ်။  

ဒါအပြင် " ကြည့်မြင်တိုင် အ.ထ.က (၂)သို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသူ(၂)ဦးသည် ကြည့်မြင်တိုင် အ.ထ.က (၁)သို့လွဲမှား ရောက်လာသဖြင့် လွဲမှားရောက်လာသောကျောင်းသူ(၂)ဦးအား အချိန်မှီစာမေးပွဲဖြေဆိုနိုင်ရန်အတွက် အ.ထ.က (၂)ကျောင်းရှေ့တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှင့် သက်ဆိုင်ရာတာဝန်ကျတပ်ဖွဲ့ဝင်များက မီးတန်ယာဉ်နှင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း" သိရပါတယ်။ လေးစားစရာကောင်းတဲ့ အဆိုပါ ယာဉ်ထိန်းရဲ အဖွဲ့ရဲ့ ပုံရိပ်အချို့ ချစ်ပရိသတ်အတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Pyi myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။