ဘယ်သူနဲ့မှ မတူတဲ့ အသံပါဝါအားကောင်းကောင်း Performance လန်းလန်းလေးတွေနဲ့ သီဆိုဖျော်ဖြေမှုတွေကြောင့် ပရိသတ်နှလုံးသားက တောင့်တောင့်တတဖြစ်ရသူကတော့ ဖြူဖြူကျော်သိန်း ပဲဖြစ်ပါတယ်။

ပညာရေးပိုင်းမှာသာမက ဂီတအနုပညာမှာပါ လျှမ်းလျှမ်းတောက်အောင်မြင် ကျော်ကြားတဲ့ သူမဟာ မြန်မာနိုင်ငံရဲ့ အဆိုပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ "အိမ်မက်ဆုံရာ" မှာ Judge တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီး ယခုအချိန်မှာလည်း Galaxy Star ကကျင်းပမဲ့ အဆိုရှင်ရွေးချယ်ပွဲကြီးမှာ Judge တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။ ထို့ပြင် ဖြူဖြူကျော်သိန်းဟာ Korea နိုင်ငံရဲ့ SBSPlus ကထုတ်လွှင့်တဲ့ TheShow မှာ ပါဝင်ဖျော်ဖြေပေးဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပြီး သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

သူမရဲ့ အောင်မြင်တဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ "ချယ်ရီလမ်း" သီချင်းနဲ့အတူ "You are my destiny" သီချင်းတို့ကို ဖျော်ဖြေရာမှာတော့ အားလုံးက လက်ခုပ်တီးအားပေးခြင်းကို ခံခဲ့ရပါတယ်။ မြန်မာအဆိုတော်တစ်ဦးအနေနဲ့ အခြားနိုင်ငံမှာ ကိုယ့်သီချင်းကိုသာမက အခြားသီချင်းကိုပါ ဆိုပြသွားခဲ့တဲ့ ဖြူဖြူကျော်သိန်းကိုတော့ "အာရှစတား" တစ်ဦးဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ် ပရိသတ်ကြီးရေ……

Source: PhyuPhyuKyawThein

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။