ဥတ္တရအလင်းရောင် ဆိုတာ ညဘက် ကောင်းကင်ယံမှာတွေ့မြင်ရပြီး ပုံမှန်မဟုတ်ပဲထူးဆန်းလှပတဲ့ အလင်းရောင်လေးတွေကို ခေါ်ပါတယ်။ ထိုကဲ့သို့သော အလင်းရောင်မျိုးကို ကမ္ဘာနိုင်ငံတိုင်းတွင် မမြင်ရပဲ ကမ္ဘာ့မြောက်ဘက်စွန်း နှင့် ကမ္ဘာ့တောင်ဘက်စွန်းဒေသတွင် မြင်တွေ့ရလေ့ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် Northern Lightsဖြစ်ပေါ်လာရခြင်းမှာ နေမှထုတ်လွှင့်သည့် လျှပ်စစ်ဓာတ်ဆောင် အမှုန်ကလေးများ ကမ္ဘာလေထုထဲသို့ရောက်ရှိလာပြီး လေထုထဲမှမော်လီကျူးများနှင့် ပွတ်တိုက်မှုများကြောင့် ဖြစ်ပေါ်လာပါတယ်။ 

Nothern Lights ကို ကမ္ဘာ့တောင်ဘက်စွန်းနှင့် မြောက်ဘက်စွန်းတွေမှာ တွေ့နိုင်ပြီး မြောက်ဘက်စွန်းဒေသများတွင် ဖြစ်ပေါ်လာသော Northern Lights များကို Aurora borealis ဟုခေါ်ပြီး တောင်ပိုင်းတွင် Aurora Australisဟုခေါ်ပါတယ်။Auroraအလင်းတန်းများကို အရောင်မျိုးစုံဖြင့် မြင်တွေ့နိုင်ပြီး အစိန်းနုရောင်နှင့် ပန်းရောင်များမှာ အတွေ့အများဆုံးဖြစ်သည်။ ထို့အပြင် အစိမ်း၊အဝါ၊အနီ၊အပြာ၊နှင့်မရမ်းရောင်များကိုတွေ့ရတတ်သည်။တွေ့ရအများဆုံး ဥတ္တရအလင်းရောင်များမှာ အစိမ်းရောင်နုနုသည် ကမ္ဘာမြေပြင်အထက် မိုင်၆၀တွင်ရှိသော အောက်ဆီဂျင်မော်လီကျူးများ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာပါသည်။

ဥတ္တရအလင်းရောင်ကို အကောင်းဆုံးတွေ့မြင်နိုင်တဲ့နေရာများကတော့ တောင်ဘက်စွန်းနှင့် မြောက်ဘက်စွန်းတွေမှာ အတွေ့များပါတယ်။ ကမ္ဘာ့အနောက်ဘက်ခြမ်း တောင်ဘက်စွန်းတွင် ရှိသောဒေသတစ်ခုဖြစ်သည့် နယူးအော့လန်းဒေသတွင်တွေ့နိုင်သော်လည်းကမ္ဘာ့အရှေ့ဘက်ခြမ်း တောင်ဘက်စွန်းဒေသများတွင် မှာ ဥတ္တရအလင်းရောင်များကို မတွေ့နိုင်ပေ။ နောက်ထပ်အကောင်းဆုံးနေရာများမှာ မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံမြောက်ပိုင်းဒေသများနှင့် အလက်စကာပြည်နယ် အနောက်မြောက်ဘက်တို့ ဖြစ်ပါတယ်။ထို့အပြင် ဂရင်းအိုက်စလန်းကျွန်းနှင့် အိုက်စလန်နိုင်ငံတောင်ဘက်စွန်း ၊ နော်ဝေနိုင်ငံမြောက်ဘက်ကမ်းရိုးတန်းနှင့် ဆိုက်ဘေးရီးယား၏ ကမ်းရိုးတန်းဒေသများတွင်လည်း တွေ့နိုင်ပါတယ်။  

Source : Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။