အနုပညာပျိုးခင်းရဲ့ ဆယ်ကျော်သက်အရွယ် စင်တင်မင်းသမီးလေး ရွှေမှုံရတီကတော ့

အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ပီပြင်ချက်တွေကြောင့် ပရိသတ်တွေအခိုင်အမာရရှိနေပါပြီ။

ဒါပေမယ့် အကယ်ဒမီပွဲမှာ သိန်း(၇၀)တန် စင်ဒရဲလားဖိနပ်စီးပြီး ပွဲတက်ခဲ့တာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုအနည်းငယ် ရှိခဲ့ပါတယ်။

သူမခံစားချက်တွေ ၊ကဗျာတွေ ၊စာတွေကို ဖေ့ဘုတ်မှာ မကြာခဏတင်တတ်တဲ့ ရွှေမှုံတစ်ယောက် ပြီးခဲ့တဲ့ တစ်ပတ်မှာတော့ အသည်းကွဲလိုက် ၊ ပြုံးလိုက်၊ ငိုလိုက်နဲ့ ဖြစ်နေခဲ့ပါတယ်။

“မောင်” လို့ မကြာခဏ သုံးနှုန်းလေ့ရှိတဲ့ သူ့ရဲ့ ချစ်သူကို မကြာသေးမီရက်ပိုင်းက ဖေ့ဘုတ်ကနေ ပရိသတ်တွေရှေ့ ထုတ်ကြွားလိုက်ပါတယ်။

အဲ့ဒီတုန်းကတော့ ချစ်သူဘေးမှာ ကပ်ချွဲရလို့ ပျော်နေတဲ့ ရွှေမှုံတစ်ယောက် လက်တလောမှာတော့ သူမခံစားချက်တစ်ခုကို တင်ထားပြန်ပါတယ်။

“ချစ်တာ အပြစ်မဟုတ်ဘူး

အချစ်မှာ အပြစ်မရှိဘူး

ရင်ခုန်သူက အပြစ်တွေဖြစ်ခဲ့တာ” လို့ ရေးသားထားပါတယ်။

အရေးသားတွေကောင်းလွန်းလို့ သူမရေးထားတဲ့ စာကို ရှဲတဲ့သူများခဲ့ပြီး ကဗျာဆရာတောင် လုပ်လို့ရနေပြီလို့ ချီးကျူးထားကြပါတယ်။ 

သတင်းအရင်းမြစ် Shwe Hmone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။