ဒီကနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ပထမဆုံးဖြေဆိုရက်မှာ ပြည်တွင်း ကျောင်းသား၊ ကျောင်းသူများစွာ သွားရောက်ဖြေဆိုခဲ့ကြပြီး အကောင်းဆုံးနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြေဆိုနိုင်ခဲ့ကြကြောင်းသိရပါတယ်။ အဆိုပါ စာမေးပွဲဖြေဆိုမှုတွေထဲမှာ အဆင်ပြေပြေဖြေဆိုနိုင်ခဲ့ကြသူတွေရှိသလို အခတ်အခဲအချို့နဲ့ ရင်ဆိုင်ခဲ့ရသူတွေလည်း ရှိခဲ့ကြောင်း ယာဉ်ကြောထိန်းသိမ်းရေးအဖွဲ့မှ သိရပါတယ်။  

အဆိုပါ စာမေးပွဲဖြေရာနေရာတိုင်းမှာလည်း ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ကြောထိန်းသိမ်းရေးအဖွဲ့များနှင့် ကျန်းမာရေးအဖွဲ့များစွာကို ထားရှိခဲ့ကြောင်း သိရပါတယ်။ ပထမဦးဆုံးနေ့ မြန်မာစာဖြေဆိုမှုမှာပဲ ကျောင်းခန်းတွင်း သတိလစ်မေ့မှုတွေဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ကျိုက်မရောမြို့ စာစစ်ဌာနမှ ကျောင်းသူတစ်ဦးဖြစ်ပြီး စာဖြေဆိုနေချိန်အတွင်း မှုးလဲသွားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။  

အဆိုပါ စာမေးပွဲအခန်းထဲမှာ မူးလဲကျခဲ့တဲ့ ကျောင်းသူကို ကအရေးပေါ်သူနာတင်ယာဉ်ဖြင့် ကျိုက်မရော ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ ပထမဆုံးနေ့မှာလည်း ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ အဆိုပါကျောင်းသူလေးရဲ့ ဖြစ်စဉ်ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - boodaw yekyawthura

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။