ကျောက်ဖြူမြို့နယ်၊ ဇင်ကျွန်းကျေးရွာတွင် ပထွေးဖြစ်သူက ၁၃ နှစ်အရွယ် သမီးဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပထွေးဖြစ်သူ လှမောင်သိန်း အသက် ၄၉ နှစ်က အသက် ၁၃ နှစ်သမီး မဝင်းဝင်းရွှေကို မုဒိမ်းမှုကျူးလွန်ကြောင်း တိုင်တန်းလို့ မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ကျောက်ဖြူမြို့မရဲစခန်းက သိရပါတယ်။

အဓမ္မပြုကျင့်ခံရလို့ မဝင်းဝင်းရွှေမှာ မိသားစုတွေနဲ့ မနေရဲတော့ဘဲ ဦးလေးတော်စပ်သူ ဦးဘနုချေဆီမှာ လာရောက်နေထိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ရက် ၂၀ လောက်က နေအိမ်မှာ လာရောက်နေထိုင်တဲ့ တူမတော်စပ်သူ မဝင်းဝင်းရွှေကို ပထွေးဖြစ်သူ လှမောင်သိန်းနဲ့ မိခင်ဖြစ်သူ ဒေါ်မခြောက်ချီးတို့ ရောက်ရှိလာပြီး ပြန်ခေါ်ရာ မလိုက်ချင်ကြောင်း ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် မိုးတွင်းကာလက ယာကျွန်းပင်လယ်ကမ်းစပ်တောက တဲမှာ မိသားစုနဲ့ အိပ်နေချိန် ဓားကိုင်ခြိမ်းခြောက်ပြီး သားမယားအဖြစ် ၁ ကြိမ်၊ ဇူလိုင်လလောက်က သရက်ကျိန်ကျွန်းမှာ ငါးဖမ်းသွားချိန် တဲမှာ ၂ ကြိမ်၊ ဒီဇင်ဘာလက ဇင်ကျွန်းကျေးရွာကို ပြောင်းရွှေ့နေထိုင်ချိန် နေအိမ်မှာ ၃ ကြိမ် ပြုကျင့်ခဲ့တယ်လို့ မဝင်းဝင်းရွှေက ပြောပါတယ်။

အလိုမတူဘဲ အနိုင်အထက်ပြု သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့တဲ့ လှမောင်သိန်းကို ကျောက်ဖြူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ 

သတင်းအရင်းမြစ် ထွန်းထွန်းနိုင်(DVB)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။