ဒီကနေ့ မတ်လ ၆ ရက်နေ့ဟာ မြန်မာနိုင်ငံအနာဂတ်မျိုးဆက်သစ်များစွာရဲ့ စာမေးပွဲဖြေဆိုရက်နေ့တစ်နေ့ဖြစ်ပြီး အတိုင်းတိုင်းအပြည်ပြည်မှာ လုံခြုံရေးများစွာနှင့်အတူ အစဉ်အမြဲစောင့်ကြည့်နေတဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲဖြေဆိုရက် ပထမဆုံးရက်မှာပဲ အခန်းစောင့် ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ကျောင်းဆရာမကတော့ ဧရာဝတီတိုင်းဒေသကြီး.မြောင်းမြမြို့.မဟာစည်လမ်းမကြီးအိမ်အမှတ်(၄၇၀)နေဆရာမဒေါ်ခင်အေးအေးမွန် (BSC.BED) အမှတ်(၅)အထကအထက်တန်းပြဆရာမတစ်ဦးပဲဖြစ်ပါတယ်။ သေဆုံးမှုနှင့်ပတ်သက်ပြီး " နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ဆယ်တန်းစာမေးပွဲစောင့်ရန်မလာသဖြင့်ကျောင်းလုပ်သားမောင်သက်ကိုအောင်မှ အိမ်သို့လာရောက်ခေါ်ရာမှမထူးသဖြင့်ရပ်ကွက်နေပြည်သူများမှခြံတံခါးအတွင်းဝင်ရောက်ကြည့်ရာနောက်ဖေးတံခါးပေါက်ပွင့်လျှက်တံခါးအနီးပက်လက်အနေအထားဖြင့်သေဆုံးနေကြောင်း" ကနဦးသတင်းများအရသိရပါတယ်။  

အဆိုပါ ကျောင်းဆရာမသေဆုံးမှုနဲ့ပတ်သက်ပြီး မြောင်းမြရဲစခန်းမှာ လာရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတရာမတွေ့ရှိခြင်း၊ ပစ္စည်းများပျောက်ရှခြင်းမရှိပဲ သေဆုံးနေတာဖြစ်ပြီး ဆရာမသေဆုံးမှု အပေါ်သွေးရိုးသားရိုးသေဆုံးမှုဟုတ် မဟုတ်ကို မြောင်းမြရဲစခန်းမှ ဆရာမအလောင်းကို ဆေးရုံရင်ခွဲရုံသို့သယ်ဆောင်စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ ဒီကနေ့ နေအိမ်အတွင်း သေဆုံးနေတဲ့ ဆယ်တန်းအခန်းစောင့် ဆရာမတစ်ဦးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - mIN SI THU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။