မတ်လ 5 ရက်နေ့ကစပြီး ယိုကိုဟားမားမှ မီနာတိုမီရိုင်ဒေသခံများဟာ Nissan ရဲ့ Easy Ride အမည်ရ မောင်းသူမဲ့ကားများကို စီးနင်းနိုင်တော့မှာ ဖြစ်ပါတယ်။ Nissan ရဲ့ရုံးချုပ်နဲ့ အနီးအနားမှ ဈေးဝယ်စင်တာများအကြားမှာ စာရင်းပေးထားသူများအတွက် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

Nissan Leaf မောင်းသူမဲ့ကားများဖြင့် စမ်းသပ်ပြေးဆွဲမှာဖြစ်ပြီး ဘေးကင်းလုံခြုံစေဖို့အတွက် အဝေးကနေ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ပြဿနာများ ဖြစ်ပွားရင်လည်း လူများက ကားကိုထိန်းချုပ်နိုင်အောင်လည်း ဖန်တီးပေးထားပါတယ်။ 

စီးနင်းသူများဟာ ကားရဲ့တက်ဘလက်ကို အသံဖြင့် ခိုင်းစေခြင်းဖြင့် သွားမယ့်နေရာများကို ပြောကြားပေးနိုင်ပါတယ်။ စီးနင်းသူများက မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုအတွက် အကြံဉာဏ်များကိုလည်း ပေးနိုင်ပါတယ်။ Nissan က 2020 ခုနှစ်မှာ စွမ်းရည်ပြည့် မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုကို ပြုလုပ်ပေးဖို့ မျှော်လင့်ထားပါတယ်။

Source : Netguide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။