ရခိုင်မှာ အမျိုးတွေနဲ ့ပရိသတ်တွေကို အားပါးတရဖျော်ဖြေပေးခဲ့တဲ့ သားငယ်

Myanmar Idol ခရီးစဉ်သွားနေတဲ့ သားငယ်ဟာ မနေ ့ညက သူ ့ရဲ ့ဇာတိမြေဖြစ်တဲ့ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ ရှိတဲ့ ရန်အောင်မြင် ဘုရားကွင်းကြီးမှာ ပရိသတ်တွေနဲ ့အမျိုးတွေကို အားပါးတရ ဖျော်ဖြေပေးခဲ့ပါတယ်။

သားငယ်ကို ချစ်ကြတဲ့ ပရိသတ်ရဲ ့အားပေးမှုကလည်း မြင်ရတာ ဝမ်းသာစရာပါ ။

ပရိသတ်တွေကလည်း သားငယ်အနေနဲ ့အခုလိုမျိုး မွေးရပ်မြေရခိုင်ဘက်က အချိန်ကုန် ငွေကုန်ခံ Vote ပေးခဲ့တာတွေ အတွက်ကျေးဇူးတင်ပြီးတော့

ကျေးဇူးဆပ်တဲ့အနေနဲ ့ဦးဦးဖျားဖျားလာရောက်သီဆိုပေးတဲ့အပေါ်မှာ အရမ်းကို ဝမ်းသာလျက်ရှိပါတယ် ။

Myanmar Idol Season 2 Winner သားငယ်ရဲ ့ဖျော်ဖြေပွဲက ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်လိုက်ပါတယ်နော်။

Source: Myanmar Idol 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။