ထိုင်းက ဓားတွေ ပုဆိန်တွေကို မျက်နှာမှာဖောက်ထည့်တဲ့ ထူးဆန်းတဲ့ပွဲတော်

အရှေ့တောင် အာရှက တရုတ်လူမျိုးတွေကြားထဲမှာ နှစ်စဉ် ပြုလုပ်နေတဲ့ ပွဲတော်တွေပြီးသွားပင်မဲ့ ဖူးခတ်က ဒေသခံတွေကတော့ မပြီးသေးပါဘူး။ ဒီသတ်သတ်လွတ်ပွဲတော်မှာ လူတွေက တစ်ပတ်လုံး ဘာသာတရား ယုံကြည်မှုနဲ့ မီးနင်းပွဲတော်တွေ တစ်ကိုယ်လုံးကို ဓားတွေပုဆိန်တွေနဲ့ ဖောက်တာတွေပြုလုပ်ကြပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ လူတော်တော်များများက ဖူးခတ်ကဘုရားကျောင်းမှာ သူတို့ကိုယ်သူတို့ စမ်းသပ်ခဲ့ကြပါတယ်။

သူတို့တွေကတော့ မနာကျင်ဘူးပြောကြပါတယ်။ တစ်ယောက်ဆို ဆူးချွန်အကြီးကြီးနဲ့ ပါးတစ်ဖက်ကို ဖောက်ထားပါတယ်။ ဝင်ရောက်စမ်းသပ်ခဲ့တဲ့ ကနေဒါလူမျိုး ၅၅နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ခရီးသွားတစ်ယောက်ဆို မမေ့နိုင်တဲ့ အတွေ့အကြုံပါဘဲလို့ပြောခဲ့ပါတယ်။ သွေးမထွက်တာလည်း တကယ်အံ့သြဖို့ကောင်းပါတယ်။

ဒီပွဲတော်က အဓိကက သန့်စင်ခြင်းကို ကိုယ်စားပြုပြီး ပါမဲ့လူတွေက ကိုးရက်တိုင် သက်သက်လွတ်စားပြီး အဝတ်အဖြူဘဲ ဝတ်ရပါတယ်။ တခြားစည်းကမ်းချက်တွေလည်းလိုက်နာရပြီ အဲ့ဒီရက်တွေအတွင်း အရက်မသောက်၊ လောင်းကစားမလုပ်ရဘဲ လိင်ကိစ္စလည်း ရှောင်ရှားရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။