ဆရာဝန်အဆိုတော်မလေး ချစ်သုဝေကိုချစ်တဲ့ အမာခံပရိသတ်တွေအတွက်တော့ ဝမ်းသာစရာသတင်းပါပဲ။

မကြာသေးမီရက်ပိုင်းက Oppo မှအသစ်ထပ်မံထွက်ရှိတဲ့ F3 Plus စမတ် ဖုန်းမိတ်ဆက်ပွဲကို ချစ်သုဝေ အပါအဝင် အနုပညာရှင်များ တက်ရောက်ခဲ့ပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ Oppo F3 Plus စမတ်ဖုန်းကို ကြိုတင်မှာယူထားသူတွေအနက် ကံထူးသူအချို့ကို ချစ်သုဝေ ကိုယ်တိုင် အိမ်တိုင်ရာရောက် Surprise လက်ဆောင်လေးတွေ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

အောက်ဖော်ပြဓာတ်ပုံလေးတွေကတော့ အမြွှာလေးတွေ မေမေ ချစ်သုဝေ ကိုယ်တိုင် စမတ်ဖုန်းနဲ့ လက်ဆောင်လေးတွေကို လိုက်လံပို့ဆောင်ပေးတဲ့ အမှတ်တရပုံရိပ်လေးတွေဖြစ်ပါတယ်။

အမြဲတမ်းနုပျိုလန်းဆန်းသွက်လက်နေတဲ့ ချစ်သုဝေနဲ့ အတူ ဆယ်ဖီပုံရိုက်ခွင့်ရတဲ့ အမာခံပရိသတ်တွေကတော့ ဝမ်းသာနေမှာပါပဲ။

ဒါ့ပြင် F3 ဖုန်းကို မတ်လ(၃၁)ရက်အထိ ကြိုတင်စာရင်းပေးမှာယူနိုင်သလို Oppo က ပေးအပ်မယ့် အသုံးဝင်တဲ့ Smart Band နဲ့ 3 In1 အသုံးပြုနိုင်တဲ့ Selfie Stick တွေကိုလည်း ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။   

သတင်းအရင်းမြစ် Oppo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။