နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာသို့ ဒုတိယအကြိမ် ထပ်မံသွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပထမအကြိမ်တုန်းက မထင်မှတ်ပဲရောက်သွားဖြစ်ပြီး ယခုက ဒုတိယအကြိမ် သွားရောက်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သူမရဲ့ လူမှုစာမျက်နှာမှာ ယခုလို ပြောဆိုထားတာ တွေ့ရပါတယ်။

"အတိတ်ဘဝရဲ့ အကျိုးပေးတွေကြောင့် ဒီဘဝမှာ အားနည်းတဲ့သူတွေဖြစ်ခဲ့ရပေမဲ့ ခုဘဝမှာ ယခုကဲ့သို့ကုသိုလ်လေးတွေကြောင့် မကောင်းတဲ့ အတိတ်ကံလေးတွေ ပပျောက်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ စားဖူးချင်တယ်လို့ပြောဖူးတဲ့ကြေးအိုးဒါနပြု ကျွေးမွေးရင်း သံဃာတော်မြတ်တို့ကို သူတို့လေးတွေနဲ့အတူ လှူဖွယ်ပ္စည်းအချို့နှင့်တကွ ရေစက်ချ အမျှဝေပြီး ဒုတိယအကြိမ် သွားရောက် ကုသိုလ်ပြုခဲ့ပါတယ်ရှင့်...."

Source: Wut Hmone Shwe Yi

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။