လူငယ်အဆိုတော်တွေထဲ နာမည်ကျော်ကြားပြီး ပရိတ်သတ်အများအပြားပိုင်ဆိုင်ထားသူ

Bunny Phyo ကို သူ့ပရိတ်သတ်တွေနဲ့တွေ့ဆုံဖို့ On Air အစီအစဉ်ကနေဖိတ်ကြားထားပါတယ် ။

On Air အစီအစဉ်ဟာ နာမည်ကြီး Cele များကို သူ့တို့ရဲ့ ဘဝအကြောင်းတွေ အနုပညာအကြောင်းတွေ လွတ်လွတ်လပ်လပ်

တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး Fan များကိုပါ အစီအစဉ်ထဲပါဝင်ခွင့်ပြုထားပါတယ် ။

လာခွင့်ရတဲ့ Fan အနေနဲ့ ကိုယ်ချစ်တဲ့ အနုပညာရှင်ကို အပြင်မှာတွေ့ရမယ့်အပြင် သူတို့က

ုတိုက်ရိုက်ဖျော်ဖြေပေးဦးမှာမို့ လာချင်တဲ့သူများပြားလှပါတယ် ။ ခုလဲ ဖိတ်ကြားခံရတဲ့ Bunny Phyo ရဲ့

ပရိတ်သတ်တွေထဲက မဲပေါက်သူသာ လာခွင့်ရရှိတဲ့ အတွက် မဲမပေါက်တဲ့ ကျန်ပရိတ်သတ်များကို

Bunny Phyo က စိတ်မကောက်ကြပါနဲ့လို့ ချော့မော့လိုက်တာပါ ။ သူ့ Fan တွေနဲ့ သူနဲ့ ကတော့

အပေးအယူမျှနေတာပါပဲနော် ...

Source : Bunny Phyo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။