ပထမဆုံး ရုပ်ရှင်ကားကြီးမှာပင် ပရိသတ်အသည်းနှလုံးကို အရယူပြီး အကယ်ဒမီဆွတ်ခူးရရှိခဲ့သူ အများနဲ့မတူ တမူထူးခြားလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ ရင်ထဲကမင်းသမီးဖြစ်လာရသူကတော့ ဖွေးဖွေး ပဲဖြစ်ပါတယ်။

ဖွေးဖွေးဟာ "လက်ပံ" "ကျွန်မက နှင်းဆီပါမောင်" ဇာတ်ကားနဲ့ အကယ်ဒမီဇာတ်ဆောင်ဆုနှစ်ဆုဆွတ်ခူး ရရှိထားပြီး လက်ရှိမှာတော့ "ရွှေကြာ" ဇာတ်ကားကြီးကို ဒါရိုက်ဝိုင်းနဲ့ ရိုက်ကူးထားပြီး ထိုဇာတ်ကားနဲ့ နောက်နှစ်အကယ်ဒမီရမယ်ဆိုပြီး ပရိသတ်တွေက ပြောဆိုနေကြပါတယ်။ လက်ရှိမှာတော့ ဖွေးဖွေးတစ်ယောက် အနုပညာအလုပ်တွေပဲ ဆက်လက်လုပ်ကိုင်နေပြီး shooting တစ်ခုရိုက်ကူးဖို့အတွက် Cambodia နိုင်ငံသို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

"Bye Bye . . .

စိတ်ချမယ်နော် ဘာသံမှကြားချင်ပုစ်

Off To Cambodia for Tvc Shoot <3 . .

Have A Good Day My Darlings . .

#pp #BurmeseActressPP" ဆိုပြီး သူမရဲ့ page မှာ တင်ထားကာ ပရိသတ်တွေကို လိမ်လိမ်မာမာနေဆိုပြီး နှုတ်ဆက်သွားပါတယ်………

Source: Phway Phway

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။