ပြီးခဲ့တဲ့တစ်ပတ်က လူမှုကွန်ရက်မှာ ဝတ်မှုန်ရွှေရည်နဲ့ တူတဲ့ ကောင်မလေး ဆိုပြီး ခေတ်စားသွားပါသေးတယ်။

လူတူမရှား နာမည်တူမရှားဆိုတဲ့ စကားအတိုင်း လက်တလောမှာလည်း Myanmar Idol Season2 ပြိုင်ပွဲဝင်လေး ဘီလီလမင်းအေး နဲ့ ရုပ်ချင်းဆင်တဲ့ ကောင်မလေးတစ်ဦး ရှိနေပါသေးတယ်။

အဆိုပါ ကောင်မလေးက ရန်ကုန် ဆေးတက္ကသိုလ် (၂)မှာ တက်ရောက်နေတဲ့ ဆေးကျောင်းသူလေးတစ်ဦးဖြစ်ပြီး Myanmar Idol နောက်ဆုံးအဆင့်ထိ ယှဉ်ပြိုင်ခဲ့တဲ့ No.9 ဘီလီလမင်းအေး နဲ့ တူတယ်ဆိုပြီး ဆေးကျောင်းမှာ နာမည်ကြီးစပြုနေပါတယ်။

ဘီလီကလည်း မျက်မှန်တပ်တဲ့သူလေးဖြစ်သလို ဆေးကျောင်းသူလေး မျိုးမြတ်နှင်းကလည်း ဘီလီ လိုပဲ အသားဖြူဖြူ မျက်မှန်တပ်တဲ့သူလေးတစ်ဦးပါပဲ။

ချွတ်စွပ်တူတယ်ရယ်လို့ မဟုတ်ပေမယ့် ရုတ်တရက်ကြည့်ရင်တော့ မျက်နှာချင်း ဆင်သလိုလို ထင်ရပါတယ်။ ဒါပေမယ့် ဒီဆေးကျောင်းသူလေးကတော့ အသက်အရွယ်အားဖြင့် ပိုငယ်မယ့်ပုံပါပဲ။

ဘီလီဟာ ဆရာမပီပီ မျက်နှာထားတည်တည်နဲ့ အနေအေးသူဖြစ်တာကြောင့် ပြုုိင်ပွဲနဲ့ပတ်သက်ပြီး ဘီလီရဲ့ စိတ်နေသဘောထားအပေါ် ဝေဖန်မှုအနည်းငယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သူမတို့နှစ်ဦး ရုပ်ချင်းဆင်ကြပေမယ့် စိတ်ပိုင်းဆိုင်ရာ ၊အမူအကျင့်လေးတွေ တူ၊ မတူဆိုတာတော့ ကာယကံရှင်တွေပဲကိုယ်တိုင်ပဲ အသေးစိတ်သိမှာပါ။

ပရိသတ်ကြီးရော ဘယ်လို ထင်လဲဗျို့။ 

သတင်းအရင်းမြစ် Thiha Htun Zaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။