ကျော်ထက်အောင်ကတော့ မစားသာလှပါဘူး ။

ရုပ်ရှင်ထဲက "မိန်းမ" နဲ့ရန်ဖြစ်တာ အပြင်မှာ တကယ် အနာတွေရသွားတယ် တဲ့ ။

လတ်တလောမှာ စရိုက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝင်ရောက်သရုပ်ဆောင်နေတဲ့ ကျော်ထက်အောင်က

မခိုင်လေးနဲ့ လင်မယားနေရာမှာ သရုပ်ဆောင်နေတာဖြစ်ပြီး ဇာတ်ရုပ်ကို တကယ်ပီပြင်အောင် သရုပ်ဆောင်ထားတာကို

ရိုက်ကွင်းပုံရိပ်တွေကတစ်ဆင့် သိမြင်နိုင်ပါတယ် ။ အမြဲသပ်ရပ် စမတ်ကျနေတတ်တဲ့ Myanmar Idol စင်မြင့်ထက်က

လူတစ်ယောက်လို့ မထင်ရတော့လောက်အောင်ကို ပီပြင်နေတာပါ ။ လင်မယားနှစ်ယောက်

သတ်ပုတ်တဲ့ အခန်းရိုက်ရာမှာတော့ ပတ်တီးတွေဖွေးနေအောင်စည်းထားရတဲ့ ပုံတွေနဲ့အတူ

(ကျတော့်မိန်းမ ပေါ့ လက်သံပြောင်ချက် ဒီမိန်းမတော့လားကွာ "ကတောက်") ဆိုပြီးတော့တောင်ကျော်ထက်အောင်က

နောက်ပြောင်နေပါသေးတယ် ။ အဲဒီအခန်းတွေ သရုပ်ဆောင်အပြီးမှာ လက်တွေမှာပါ ပွန်းပဲ့ ဒဏ်ရာတွေ ရကုန်ပါတယ်တဲ့ ။

ဘယ်လောက်တောင် ကြိုးစားပန်းစားသရုပ်ဆောင်လိုက်သလဲပဲကွယ် ...

Source : Kyaw Htet Aung  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။