မြန်မာတိုင်းရင်းဆေးတွေက ရှေးယခင်ကတည်းက အစွမ်းထက်တဲ့ ဆေးဝါးတွေဖြစ်တဲ့ အပြင်တော်ရုံရောဂါတွေကို မျက်စိတစ်မှိတ်အတွင်း ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အိမ်တွင်းမှာပဲ ပိုက်ဆံမကုန်ပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေအပြင် ရောဂါကြီးတွေကိုပါပျောက်ကင်းအောင် ကုသပေးနိုင်စွမ်းရှိတဲ့ ဆေးမြီးတိုလေးတွေကို ဖော်ပြပေးထားပါတယ်။

(၁) ပေါင်ကြား ချိုင်းကြားတွေမှာ အပူကြိတ်ဖုတွေပေါက်လာပြီဆိုရင် နနွင်းခါးဥကို သွေးပြီးတော့လိမ်းပေးပါ။ သုံးကြိမ်လောက်ပုံမှန်လိမ်းရုံနဲ့ နာကျင်မှုတွေကိုလျော့ပါးစေပြီး အကြိတ်မှန်သမျှကို ပျောက်ကင်းစေနိုင်ပါတယ်။

(၂) အမျိုးသမီးများ မီးယပ်အဖြူဆင်းတာများနေတယ်ဆိုရင် အဝေရာရွက်ကို သုပ်ပြီး စားပေးရပါမယ်။

(၃) ရုတ်တရက်သွေးတိုးလာပြီဆိုရင် သံပုရာသီး တစ်လုံးကို (၁၅) မိနစ်ခန့်ကြာအောင် ရေစိမ်ပြီး အရည်ညှစ်ယူခါ ကြက်ဥတစ်လုံးဖော်ထည့်ပြီးသောက်ပေးပါ။ ဆေးသောက်စရာလုံးဝမလိုပဲ သွေးကျစေနိုင်ပါတယ်။

(၄) လေထိုးလေအောင့်ဖြစ်တဲ့ အခါ ပုန်းညှက်ပန်းပွင့်ခြောက်ကို လက်ဖက်ခြောက်ခပ်သလို ခပ်ပြီး သောက်ပေးပါ။

(၅) စားမဝင် အိပ်မပျော်ပဲ ဖြစ်နေတဲ့ အခါ ပျားရည်စစ်စစ်ကို တစ်နေ့ တစ်ဇွန်း ညအိပ်ယာဝင်ခံနီးတိုင်းသောက်ပေးပါ။ အားဆေးတစ်ခွက်လို အစွမ်းထက်ပါတယ်။

(၆) ဆံပင်တွေမတရားကျွတ်နေတဲ့ အခါ ပိတောက်ရွက်ကိုထောင်းပြီး ခေါင်းလျှော်ရည်နဲ့ ရောလျှော်ပေးပါ။

(၇) ဒူးနာ ခါးနာ ရောဂါကို ခံစားနေရပြီဆိုရင် နံသာဖြူနဲ့ ဂျင်းကို ဆတူရောပြီး လိမ်းလိုက်မယ်ဆိုရင် လုံးဝသက်သာပျောက်ကင်းသွားစေမှာပါ။

ယခုပြောပြခဲ့တဲ့ ဆေးမြီးတိုတွေကတော့ ဘယ်နေရာ ဘယ်ဒေသမှာပဲ ရောက်ရောက် အသုံးဝင်စေမယ့် ဆေးနည်းတွေဖြစ်လို့ မေတ္တာဖြင့်ဖော်ပြပေးလိုက်ပါတယ်။

Source: မြန်မာ့ဆေးမြီးတို မှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။