ချစ်ပရိတ်သတ်ကြီးရေ.... လူဆိုတဲ့ သတ္တဝါအမျိုးအစားက ကိစ္စတစ်ခုကို လက်တွေ့မြင်ရကြုံရမှ လက်ခံကြတတ်တာမျိုးဗျ။ သူတို့ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့လို့တားရင် အထွန့်တက်ချင်ကြတဲ့သူမျိုးတွေဆိုတော့ အန္တရာယ်ဆိုတဲ့အရာကို ကိုယ်တိုင်ဘဝနဲ့ရင်းပြီးကြုံရတော့မှ လက်ခံတတ်ကြတာကများပါတယ်။ ဒါကလည်းသူတို့မမှားပါဘူး ။ဘာလို့လည်း ဆိုတော့ လူသားတွေဖြစ်နေလို့ပါ။ပြီးတော့ သူများတွေပြောတိုင်းမယုံတတ်တဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ခေတ်မှီတဲ့ ဦးနှောက်တွေကိုပိုင်ဆိုင်ထားကြတဲ့ မာစတာဘရိန်းတွေဖြစ်နေလို့ပါပဲ။ ဒါပေမယ့် တစ်ချို့တားမြစ်ချက်တွေက အသက်အန္တရယ်အတွက်ပါစိုးရိမ်ရလို့တားမြစ်ထားတာတွေလည်းရှိပါတယ်။

ပရိတ်သတ်တို့ YBSပဲစီးစီး ကိုယ်ပိုင်ကားပဲမောင်းမောင်း ကားဆီထည့်တဲ့အခြေအနေမျိုးကိုတော့ကြုံဖူးကြမှာပါ။ ဆီဆိုင်ထဲဝင်တဲ့အခါမှာ "ဆိုင်အတွင်းဖုန်းမပြောရ /မသုံးရလို့"ရေးထားတာကိုတွေ့ဖူးကြတယ်မဟုတ်လား။အဲ့အခါကျရင် သုံးရင်ဘာဖြစ်လို့လဲ ဘာမှလည်းမဖြစ်လောက်ပဲနဲ့ မကြောက်ပါဘူးဆိုရင် သုံးချင်သုံးနေတဲ့သူတွေရှိတတ်ကြပါတယ်။ အဲ့လိုသတ္တိခဲတွေအတွက် ဒီဗီဒီယိုလေးက သင်ခန်းစာကောင်းကောင်းပေးပြီး တရားချနေပါတယ်နော်။

ဗီဒီယိုလေးရဲ့ အစမှာတော့ လူသုံးယောက်က မတ်တပ်နေကြပြီး တစ်ယောက်ကဖုန်းသုံး နောက်နှစ်ယောက်က အချင်းချင်းစကားပြောနေကြပါတယ်။ အဲ့ဒီစကားပြောနေတဲ့ထဲကတစ်ယောက်က ကားကိုဓာတ်ဆီထည့်ဖို့ပိုက်တပ်နေတဲ့အချိန်မှာပဲ အခြားလူတစ်ယောက်က ဆိုင်ထဲကိုဝင်လာခဲ့ပါတယ်နော်။ ပြီးတော့ အဆိုပါလူဟာလည်း ဖုန်းကိုထုတ်ပြီးတော့သုံးလိုက်ပါတယ်။ထိုအချိန်မှာပဲ ကားက ဆီထည့်နေရာကနေမီးအလိုလိုထတောက်ပြီးပေါက်ကွဲခဲ့ပါတယ်။ အဲ့လိုပေါက်ကွဲတဲ့အရှိန်ကြောင့် အနားမှာရှိတဲ့ လူတစ်ယောက်ဟာ တစ်ကိုယ်လုံးမီစွဲလောက်ပြီးထွက်ပြေးခဲ့ရတာကို ဒီဗီဒီယိုလေးထဲမှာတွေ့မြင်ရမှာပါ။ကဲ.... ဓာတ်ဆီဆိုင်ထဲမှာ အသက်နဲ့ရင်းပြီးတော့ ဖုန်းသုံးသင့်ရဲ့လား ချစ်ပရိတ်သတ်ကြီးရေ....။

Source : Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။