Myanmar Idol ရဲ့ 1st Runner up ဆုရှင် ဘီလီလမင်းအေးကို ဒါရိုက်တာစတီးလ်က

"လမ်းကြောင်း"ရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားပါတယ် ။

ထိုသို့ ဘီလီလမင်းအေးကို ကမ်းလှမ်းရတဲ့ အကြောင်းကတော့ ဇာတ်ကားတစ်ကားလုံးကိုတောင်ကြီးမှာသွားရိုက်မှာ

ဖြစ်တဲ့ အတွက် ဒေသခံတောင်ကြီးသူတစ်ယောက်လိုနေတဲ့အခါမှာ ဘီလီလမင်းအေးကို သွားမြင်မိတယ် ။

ပရိုဂျူဆာကိုလဲပြောပြတော့ သူကလဲသဘောကျတယ်ဆိုတာ နဲ့ ကမ်းလှမ်းဖြစ်တာပါတဲ့ ။

ဘီလီကလဲ စိတ်ဝင်စားပါတယ်လို့လဲပြောပါတယ် ။ သရုပ်ဆောင်ဖြစ်ခဲ့ရင်တော့

ဘီလီက သူဌေးသမီးဂေါ်လီလေး နေရာက သရုပ်ဆောင်ရမှာဖြစ်ပြီး ထွန်းထွန်းနဲ့ တွဲရမှာပါတဲ့ ။

ဒီဇာတ်လမ်းဟာ ဒါရိုက်တာ စတီးလ် ရဲ့ပထမဆုံး အက်ရှင် ဇာတ်ကားဖြစ်လာမှာပါ ။

ဒီဇာတ်ကားကို အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက လာမယ့်မေလမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး

ထွန်းထွန်း မင်းမော်ကွန်း ရွှေသမီး နဲ့ အတူ ဘီလီလမင်းအေးတို့ကပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ် ။

Source : Mahar Entertainment  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။