အနာဂတ်အလင်းရောင်လေးတွေရဲ့ လမ်းဆုံလမ်းဝကိုရောက်ရှိနေတဲ့ လက်ရှိတက္ကသိုလ်စာမေးပွဲ ဖြေဆိုရက်မှာ အခတ်အခဲနဲ့ ဘေးဒုက္ခအချို့ကတော့ နေ့စဉ်ရှိနေတာတွေ့ရပါတယ်။ အဆိုပါ ဘေးဒုက္ခအများစုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲ အဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက အချိန်ပြည့် ကူညီစောင့်ရှောက်ပေးလျှက်ရှိတာတွေ့ရပါတယ်။  

ဒီကနေ့ စာမေးပွဲဖြေဆိုရက် ဒုတိယမြောက်နေ့မှာလည်း ယာဉ်ထိန်းရဲတစ်ဦးမှ ကျောင်းသားကဒ်မေ့ကျန်ခဲ့တဲ့ ကျောင်းသူတစ်ဦးကို အိမ်အထိ ဆိုင်ကယ်ဖြင့် အကြိုအပို့ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကျောင်းသူလေးကတော့ ဘားအံမြို့၊ ၄ ရပ်ကွက်ရှိ အထက ၂ စာစစ်ဌာနတွင် ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူ မဇင်မာထွန်း ဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါကျောင်းသူလေးရဲ့ ကျောင်းသားကဒ်ကိုတော့ ယာဉ်ထိန်းရဲ တကက သန့်ဇင်စိုးက ဆိုင်ကယ်ဖြင့် အကြိုအပို့ပြုလုပ်ပေးခဲ့တာကြောင့် စာမေးပွဲအချိန်မီဖြေဆိုနိုင်ခဲ့ကြောင်းသိရပါတယ်။ စာမေးပွဲဖြေဆိုချိန်တွေမှာ မိမိရဲ့ အဓိကလိုအပ်တဲ့အရာတွေကို သတိမလျော့ပဲ အမြဲသတိတရနဲ့ သယ်လာကြဖို့ ပြောကြားရင်း ဒီကနေ့ လေးစားစရာယာဉ်ထိန်းရဲ တစ်ဦးရဲ့ အပြုမှုလေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG MIN NAING

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။