မတ်လ (၅)ရက်နေ့ မနေ့က နေပြည်တော်- ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၇/၃-၇၇/၄ အကြား တိမ်းမှောက်ခဲ့တဲ့ High Class Express ယာဉ်သတင်းကိုတော့ အားလုံးလည်းသိမယ်ထင်ပါတယ်။ ဆိုးဆိုးရွားရွား တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တွေအနက် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ သေဆုံး/ ပျံလွန် သူတွေထဲမှာ သံဃာ ၄ပါးနှင့်အတူ ကျား (၃)ဦး ၊ မ (၄) ဦး စုစုပေါင်းခရီးသည် ၇ ဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ သံဃာ ၅ ပါးလိုက်ပါစီးနင်းလာရာ တစ်ဦးသာ ဘေးလွတ်ခဲ့ပြီး ၄ဦး ပျံလွန်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါ သေဆုံး/ ပျံလွန်သူတွေအတွက် အလှူအတန်းပြုကာ မတ်လ (၆)ရက်နေ့က သံဃာတော်များပင့်ဆောင်ကာ မေတ္တာပို့ အမျှတန်းဝေခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ မေတ္တာပို့အမျှဝေခြင်းကို မတ်လ ၆ရက်နေ့ မနေ့က ညနေ ၅ နာရီလောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပင့်သံဃာ ၅ ပါးပင့်ဆောင်ကာ အမြန်လမ်းရဲတပ်ဖွဲ့ အုတ်ရှစ်ကုန်းစခန်းမှ တပ်ဖွဲ့ဝင်မိသားစုများ အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးမှ ရုံးအဖွဲ့များနှင့် ရပ်မိရပ်ဖများ စုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်းသိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ် ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Min Si thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။