ဂီတလောကမှာ ဆယ်စုနှစ်တစ်ခုကြာ ယနေ့ထက်ထိတိုင် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေနိုင်သူ အောင်မြင်မှုကိုသာမက ရုပ်ရည်ကိုပါ ထိန်းသိမ်းထားနိုင်သူ အနုပညာမှာသာမက စီးပွားရေးနယ်ပယ်မှာပါ အမြင်စူးရှသူကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ်။

မိန်းကလေးပရိသတ်အများစုရဲ့ အသည်းစွဲ အဆိုတော် စိုင်းစိုင်ခမ်းလှိုင်ဟာ မကြာခင်မှာ အသက် ၄၀ ပြည့်တော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး အရမ်းကို စိတ်ဝင်စားနေကြပါတယ်။ စိုင်းစိုင်းကတော့ သူ့ရဲ့ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိ မရှိနဲ့ပတ်သတ်ပြီးတော့ ယခုလိုပဲ ပြောခဲ့ပါတယ်။

"အဲ့ မေးခွန်းက ကျွန်တော်ကိုယ်တိုင် သိချင်နေတာပါ။ ကျွန်တော့်အတွက် အဖြေခက်နေတာပါ။ ကျွန်တော် မကြာခဏကို ညအိပ်ခါနီးတိုင်း ငါက တစ်ယောက်တည်းနေရမှာလား။ ငါကတော့ မိန်းမယူရမှာလား။ အဲ့ဒီလို နဖူးပေါ်လက်တင်စဉ်းစားနေတာ အချိန်အတော်ကြာခဲ့ပါတယ်။ စိတ်ကူးက အရမ်းယဉ်တာ ကျွန်တော် ၁၈ နှစ်လောက်တည်းက ယဉ်ခဲ့တာပါ။ စိတ်ကူးယဉ်တာများလို့ ယတြာကြေသွားတာ ထင်ပါတယ်။ ကျွန်တော် အနေနဲ့လက်ထပ်ဖြစ်ခဲ့မယ် ဆိုရင် အသက်အရွယ်အပိုင်းအခြား ရာထူးစည်းစိမ် အဆင့်အတန်းတွေဆိုတာထက် ကိုယ်နဲ့အမှန်တကယ် နားလည်မှုရှိပြီး တစ်သက်လုံးအတူနေသွားမယ့် သူမျိုးကို ရွေးချယ်မှာပါ" လို့ စိုင်းစိုင်းကတော့ ဆိုပါတယ်။

Source: Akonthi

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။