အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီး တစ်ဦးက သူမရဲ့နေအိမ် ကို ဝယ်ယူမည် ဆိုပါက သူမအား ဇနီးသည်အဖြစ် အခမဲ့ အပို ရရှိနိုင်မယ်လို့ ကြေညာ ခဲ့ပါတယ်။အဆိုပါ အိမ်ရောင်းချ မယ့်ကြော်ငြာကတော့ အွန်လိုင်း စာမျက်နှာပေါ်မှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့တယ်လို့ သိရပါတယ်။ အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းနှစ်ခန်း၊ ငါးကန်တစ်ကန်နဲ့ ကားပါကင် တစ်နေရာပါဝင်တဲ့ တစ်ထပ် အိမ်ကို ရောင်းချမယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ခုမှာ ကြော်ငြာ ထားပါတယ်။

ယင်းကြော်ငြာမှာ နေ အိမ်ကို ဝယ်ယူမည်ဆိုပါက အိမ်ပိုင်ရှင်ကို အခမဲ့ အပိုရရှိနိုင်မှာ ဖြစ်ပြီး အိမ်ပိုင်ရှင်အမျိုးသမီးရဲ့ ဓာတ်ပုံနဲ့ တကွ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ အိမ်ပိုင်ရှင်ဖြစ်သူကတော့ အသက် ၄ဝအရွယ် ကလေးနှစ်ယောက်မိခင် မုဆိုးမတစ်ဦး ဖြစ်တယ်လို့ သိရပြီး အလှပြင်ဆိုင် တစ်ဆိုင်ကိုလည်း ပိုင်ဆိုင် ထားပါတယ်။

အိမ်ပိုင်ရှင်ဝီနာလင်က ”ကျွန်မရဲ့အိမ်ကို အမှန်တကယ် ဝယ်ယူမယ့် သူဖြစ်ရမယ်။ ဈေး နှုန်းညှိနှိုင်းမှာ မဟုတ်ဘူး”လို့ ပြောဆိုခဲ့ပါတယ်။သူမရဲ့နေအိမ်ကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဆလီမန်မြို့ရှိနေအိမ်ကို ၇၆၈၄၆ ဒေါ်လာနဲ့ ရောင်းချ မှာ ဖြစ်ပါတယ်။အိမ်ထောင်မရှိသေးတဲ့ လူပျိုကြီးတွေအတွက်တော့ အိမ်ယာလည်းရ၊ အိမ်ထောင်လည်းကျမယ့် အခွင့်အရေးကိုပိုင်ဆိုင်မှာပဲဖြစ်ပါတယ်။

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။