ပြီးခဲ့တဲ့ရက်ပိုင်းက အာဖဂန်နစ္စတန်နိုင်ငံအတွင်းက ဂျလာလာဘတ်မြို့မှာ တိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းတိုက်ခိုက်မှုဟာ ဘယ့်သူ့လက်ချက်မှန်းမသိသေးပေမယ့် တိုက်ခိုက်ခဲ့တာကတော့ အသေခံဗုံးခွဲသမားနှစ်ဦးရဲ့ သေနတ်သမားတွေပဲဖြစ်ပါတယ်။ 

သူတို့တိုက်ခိုက်ခဲ့တာကတော့ ဆောက်လုပ်ရေးကုမ္ပဏီရုံးတခုဖြစ်ပြီး မတိုက်ခိုက်ခင် ရုံးအပြင်ဘက်မှာ အသေခံဗုံးခွဲသမားနှစ်ယောက်က ဗုံးအရင်ခွဲခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ သေနတ်သမားတွေဟာ ရုံးအတွင်းဝင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။

အခုလိုတိုက်ခိုက်မှုတွေကြောင့် အသေခံဗုံးခွဲသမား နှစ်ဦး ၊ သေနတ်သမားသုံးဦးနဲ့ ကုမ္ပဏီဝန်ထမ်း ၁၆ ဦးလောက်သေဆုံးခဲ့ကြရပါတယ်။

လက်ရှိအချိန်မှာဆိုရင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အခင်းဖြစ်ပွားရတဲ့အကြောင်းရင်းကို ကြိုးစားဖော်ထုတ်နေတယ်လို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။