နစ်ဆန်းမော်တော်ကားကုမ္ပဏီရဲ့ ဥက္ကဌဟောင်း ကားလော့စ်ဂွန်းဟာ လက်ရှိအချိန်မှာတော့ အချုပ်ခန်းကနေ ပြန်လွန်လာခဲ့ပြီလို့သိရပါတယ်။

သူကတော့ ဘဏ္ဍာရေးမသမာမှုတွေနဲ့ စွဲချက်တင်ခံထားရတာကြောင့် ဂျပန်နိုင်ငံမှာ ထိန်းသိမ်းခံထားရသူတစ်ဦးပဲဖြစ်ပါတယ်။ 

သို့ပေမယ့် လက်ရှိအချိန်မှာတော့ ဂွန်းဟာ အာမခံငွေ အမေရိကန်ဒေါ်လာ ၉ သန်းတင်ပြီးနောက်မှာ ပြန်လွတ်လာခဲ့ပြီပဲဖြစ်ပါတယ်။

သူအချုပ်ခန်းက ထွက်လာတဲ့အချိန်မှာဆိုရင်လည်း လုပ်သားဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်နှာဖုံးနဲ့ မျက်မှန်လည်းတပ်ဆင်ထားသလို ဦးထုပ်လည်းဆောင်းထားခဲ့တယ်လို့သိရပါတယ်။ 

ဒါ့ကြောင့် တိုကျိုအချုပ်ခန်းရှေ့မှာရောက်နေတဲ့ သတင်းသမားတွေဟာ ဂွန်းကိုသတိမထားမိလိုက်ကြပါဘူး၊

အဲ့နောက်မှာတော့ ဂွန်းဟာ အသင့်စောင့်နေတဲ့ ဗင်ကားတစီးပေါ်တက်ပြီး ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။ 

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။