နေ့စဉ်နီးပါးကြားသိနေရတဲ့ သတင်းဆိုးကြီးတွေထဲမှာ ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုသတင်းတွေက အများဆုံးပါဝင်နေပြီး နေရာအနှံ့အပြားမှာ နေ့စဉ်နီးပါးဖြစ်ပွားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုတွေထဲမှာ သာမာန်ယာဉ်များနဲ့အတူ ဘုရားဖူးယာဉ်တွေလည်း မကြာခဏတိမ်းမှောက်လေ့ရှိတာတွေ့ရပါတယ်။  

ဒီကနေ့ မတ်လ ၇ရက်နေ့ မကြာသေးမီကလည်း စစ်ကိုင်းတောင် ဘုရားဖူးလာသော ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး" စစ်ကိုင်းတောင်ဘုရားလာသည့် ကားတစ်စီးအတက်လမ်းမှာ မတော်တဆတိမ်းမှောက်ခဲ့တာကြောင့် " ကနဦးသတင်းများအရသိရပါတယ်။  

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်အချို့ ဒဏ်ရာပြင်းထန်ခဲ့ပြီး စစ်ကိုင်းတောင်(Rescue) ညီနှောင်များမှလိုအပ်တာများပြုစု၍မိခင်အသင်းဖြစ်သော (သုခကာရီ Rescue)အဖွဲ့သို့ချိတ်ဆက်ပေးပြီးလူနာတင်ယာဉ်၃စီးဖြင့် စစ်ကိုင်းခုတင် နှစ်ရာဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ စစ်ကိုင်းတောင် ဘုရားဖူးယာဉ်တိမ်းမှောက်မှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

PHOTOS - ခန့်မင်းထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။