ချစ်ပရိတ်သတ်ကြီးရေ... စိတ်ကူးဉာဏ် အစွမ်းအံ့မခန်းလို့ပြောရမလားပဲ။ အမိုက်စားပုံရိပ်လေးတွေရရှိအောင် ဖန်တီးနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတဲ့ထဲကနေ ဒီတစ်ခါမှာတော့ သက်မဲ့ရုပ်ထုကြီးတွေနဲ့ အထာကျကျဓာတ်ပုံရိုက်နည်းလေးတွေကို တင်ပေးလိုက်ပါနော်။ လူတွေက သက်မဲ့ရုပ်ထုတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ အရုပ်နားသွားပြီး တောင့်တောင့်ကြီးနေတတ်ကြပါတယ်။ ဒါမှားယွင့်တဲ့ ဓာတ်ပုံရိုက်ချက်တွေပါ။ ဘာတီထွင်ဖန်တီးမှုမှမပါတဲ့အတွက် ဘယ်သူမှလည်းစိတ်မဝင်စားသလို ထင်သလောက်လည်းအမှတ်တရဖြစ်မှာမဟုတ်ပါဘူးနော်။ ဒီတော့ ဓာတ်ပုံရိုက်နည်းလေးတွေကိုပြောင်းကြည့်လိုက်ရအောင်။

ကဲ... ပရိတ်သတ်တွေ တွေ့တဲ့အတိုင်းပဲ ပုံတွေမြင်တာနဲ့ ပြုံးတာပဲဖြစ်ဖြစ် woww လို့ပဲဖြစ်ဖြစ်အော်မိလောက်တဲ့အထိကို မိုက်ပါတယ်နော်။ တကယ် စိတ်ကူးဉာဏ်ကောင်းပြီး တီထွင်ဖန်တီးမှု levelလည်းမြင့်တယ်လို့ ထင်ချင်စဖွယ်ပါပဲ။ ဒီပုံတွေက ထုလုပ်ထားတဲ့ ရုပ်ထုတွေအနားမှာတောင့်တောင့်ကြီး သွားရပ်ပြီး အသက်မပါသလိုရိုက်ထားတဲ့ပုံစံမျိုးမဟုတ်ဘဲ တီထွင်ဆန်းသစ်မှုတွေနဲ့ဖန်တီးထားတဲ့ ကမ္ဘာကျော်ဓာတ်ပုံလက်ရာတွေပါပဲ။

တစ်ချို့ပုံတွေဆိုရင် ကမ္ဘာကနေအသိအမှတ်ပြုထားခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေ နာမည်ကျော် လူတွေရဲ့ ရုပ်ထုတွေနဲ့အတူ အထာကျကျရိုက်ထားကြတာပါ။ ပြီးတော့ ဟာသဉာဏ်ခပ်ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ပုံရိပ်တွေတောင်ပါပါသေးတယ်။ ဓာတ်ပုံတစ်ပုံကို လူတွေအသိအမှတ်ပြုဖို့ ကမ္ဘာကျော်ဖို့အတွက်ဆိုရင် camera quality ကောင်းဖို့မလိုပါဘူး တီထွင်ဆန်းသစ်မှုပဲလိုတာပါ ဆိုတဲ့အကြောင်း ကိုဒီပုံရိပ်လေးတွေက သက်သေပြနေပါတယ်နော်။ကဲ... ပရိတ်သတ်တွေလည်း ဗဟုသုတလည်းဖြစ် လက်တွေ့လည်းအသုံးချလို့ရအောင် ပုံလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : An Mool

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။