အမေရိကန် အထက်လွှတ်တော်အမတ်သာမကအမေရိကန်လေတပ်ရဲ့ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး မာသာ မက်ဆယ်လီကတော့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ ပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူမပြောခဲ့တာကတော့ သူမဟာ အရင်က အထက်အရှာရှိရဲ့ အဓမ္မပြုကျင့်တာကို ခံခဲ့ရဖူးတယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာဆိုရင်တော့ သူမဟာ အသက် ၅၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အဓမ္မပြုကျင့်ခံရစဉ်က မတိုင်ကြားခဲ့ရတဲ့ အကြောင်းရင်းကတော့ ဒီလိုကိစ္စဖြစ်တွေဖြစ်လာရတဲ့အတွက် သူ့ကိုယ်သူပဲ အပြစ်တင်ခဲ့ပြီး စနစ်အပေါ် အယုံအကြည် မရှိတာကြောင့် ဒီအမှုကို မတိုင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ဒါ့အပြင် အမေရိကန်စစ်တပ်အတွင်းမှာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာစော်ကားတိုက်ခိုက်တာတွေကို များသောအားဖြင့် မတိုင်ကြားကြတဲ့ အလေ့အထရှိကြတယ်လို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။