အရက်ဆိုတာ မကောင်းဆိုးဝါးအရည်လို့တောင် ရှေးယခင်က ခေါ်ဝေါ်ကြပါတယ်။ ယနေ့ထိတိုင်လည်း အရက်သောက်ခြင်းကြောင့် ကောင်းကျိုးရတဲ့ သူတွေ မတွေ့နိုင်သေးပါဘူး။ လူတိုင်းက စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေကို ဖြေဖျောက်ဖို့ အတွက် အရက်ကိုသောက်ရင်း နောက်ဆုံး အရက်စွဲပြီး မသောက်ရမနေနိုင်လောက်တဲ့ အခြေအနေကိုတောင် ရောက်ကြရပါတယ်။ ယခုပြောပြမယ့်နည်းလမ်းကတော့ တကယ့်ကို အရက်ဖျက်ချင်ပေမယ့် ဖျက်လို့ မရဖြစ်နေတဲ့ သူတွေအတွက် အရက်လို လုံးဝသောက်ချင်စိတ်မရှိတော့အောင်စွမ်းဆောင်ပေးနိုင်တဲ့ ဆေးနည်းတစ်ခွက်ကို ဖော်ပြပေးထားပါတယ်။


ဆေးနည်းကတော့ လွယ်လွယ်လေးပါ။ သံပုရာပင်ရဲ့ အမြစ်ကိုတူးပြီး ငရုပ်စုံ သန့်သန့်မှာထည့်ပြီးတော့ထောင်းလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ အဖတ်တွေကနေ အရည်ရအောင်ညှစ်ယူရပါမယ်။ သတိထားရမှာက သံပုရာသီးအလုံး မဟုတ်ပါဘူး သံပုရာပင်ရဲ့ အမြစ်ကနေရတဲ့ အရည်ကို ယူရမှာပါ။ ရလာတဲ့ အရည်ကို ဆား အနည်းငယ်ထည့်ပြီး သောက်ပေးရုံပါပဲ။ အဆိုပါဆေးကို တစ်နေ့ကို တစ်ကြိမ်ပဲ သောက်သုံးပေးရမှာဖြစ်ပြီး တစ်ရက် နှစ်ရက်ကြာပြီးတဲ့နောက်မှာ ထူးခြားတဲ့ ရလဒ်တွေကို မြင်တွေ့ရမှာပါ။ ထိုဆေးသောက်နေတဲ့ အချိန်ရေသောက်လို့ မရပါဘူး။

ထိုနည်းကတော့ အရက်ဖြတ်ချင်ပေမယ့်လည်း ဖြတ်လို့မရ မြင်တာနဲ့ မသောက်ရမနေနိုင်ဖြစ်နေတဲ့ သူတွေအတွက် လက်တွေ့အသုံးဝင်စေမယ့် ဆေးနည်းကောင်းတစ်လက်ပါ။ ဒါကြောင့် အရက်ဖြတ်ဖို့ အေကြောင်းတွေအမျိုးမျိုးပြနေတဲ့ ကိုကို မမတွေကို ဒီဆေးနည်းပေးပြီး လူုတွေကို ဒုက္ခဖြစ်စေတဲ့ အရက်ကို ဖြတ်နိုင်အောင် ကူညီပေးခြင်းဖြင့် ကုသိုလ်ယူလို့ရပါပြီ။

Source: မြန်မာ့တိုင်းရင်းဆေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။