ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ကျွန်းကျေးရွာရှိ အသက်(၄၉)နှစ်အရွယ်အမျိုးသားက တူမတော်စပ်သူ အသက်(၁၃)နှစ်ခန့် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ် ဇင်ကျွန်းကျေးရွာ၌ ဦးမောင်လှသိန်းမှ တူမတော်စပ်သူအား ၂၀၁၆-ခုနှစ်အတွင်းက ယာကျွန်းပင်လယ်ကမ်းစပ်တဲ၌ တစ်ကြိမ်နှင့် နေအိမ်တွင် သားမယားအဖြစ်(၆)ကြိမ်တိုင်တိုင် ပြုကျင့်ခဲ့ပြီး မိန်းကလေးငယ်၏ ဦးလေးတော်စပ်သူ ဦးဘနုချေမှ ကျောက်ဖြူမြို့မ ရဲစခန်းသို့ ၂၀၁၇ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် လာရောက်တိုင်တန်းခဲ့ခြင်း ကျောက်ဖြူမြို့မရဲစခန်း၏ စစ်ဆေးချက်မှတ်တမ်းများအရ သိရသည်။

”ဦးဘနုချေရဲ့ လာရောက်တိုင်တန်းမှုအရ ဖမ်းဆီးခေါ်ဆောင်ပြီး ထိန်းသိမ်းထားပါပြီ။”ဟု ကျောက်ဖြူမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဦးမောင်လှသိန်းမှာ မိန်းကလေးငယ်ကို ဓါးဖြင့် ခြိမ်းခြောက်ပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုကြောင့် ဦးမောင်လှသိန်း၏ နေအိမ်မှ ထွက်ပြေးလာပြီး ဦးလေးတော်စပ်သူ ဦးဘနုချေထံ အကြောင်းစုံပြောပြသဖြင့် ဦးဘနုချေမှ ဥပဒေကြောင်းအရ အရေးယူပေးပါရန် ကျောက်ဖြူမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ အဓမ္မပြုကျင့်သူကို ရဲစခန်းက အမှုဖွင့်လှစ်ပြီး တရားရုံးမှလည်း ဒီလိုသက်ငယ်မုဒိန်းမှုကို ထိရောက် စွာ ပြစ်ဒဏ်ချမှတ်ပေးဖို့ တိုက်တွန်းပါတယ်။”ဟု ကျောက်ဖြူမြို့နယ် အမျိုးသမီးသမီးများအစည်း အရုံး(RWU) ဥက္ကဌ ဒေါ်စောပုချေက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဦးဘနုချေ၏ တိုင်တန်းမှုအရ ဦးမောင်လှသိန်းအား ကျောက်ဖြူမြို့မ ရဲစခန်းမှ (ပ)၄၉၃/၂၀၁၇ ရာဇာသက်ကြီး ဥပဒေပုဒ်မ(၃၇၆)အရ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

myitmakhamediagroup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။