မကြာသောကာလမှစပြီး မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှု အပါအဝင် လိင်မှုဆိုင်ရာ မုဒိမ်းမှုများ ဖြစ်ပွားနေတာကို မီဒီယာသတင်းတွေအရ အားလုံးသိရှိပြီးဖြစ်ပါတယ်။ လိင်မှုဆိုင်ရာ ပြစ်မှုတွေဟာ ဘာကြောင့် ဖြစ်ပွားရတာလဲဆိုတဲ့ မေးခွန်းအတွက် အမျိုးမျိုးသော အဖြေတွေကို တွေ့နိုင်ပါတယ်။

တစ်ချို့ကလည်း ပြည်သူတွေ ဆင်းရဲမွဲတေမှုများလာပြီး ပညာမတတ်ကြလို့၊ အသိဉာဏ်အားနည်းလို့ဆိုပြီး ယူဆတတ်ကြပါတယ်။ မှန်သင့် သလောက်မှန်ပေမယ့် ပြည့်စုံတဲ့ ကောက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ လိင်စိတ်ဟာ လူသားတွေရဲ့ အကြီးမားဆုံးလိုအင်တစ်ခုဖြစ်တဲ့အတွက် လူသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ လိုအင်ကိုဆန္ဒများပြင်းပြလာချိန်၊ အရက်သေစာသောက်စားပြီး အမှားအမှန်မခွဲခြားနိုင်သည့် အချိန်နှင့် ဆန့်ကျင်ဘက်လိင်၏ မုဒိမ်းမှုကျူးလွန်ဖို့ အခြေအနေအချိန်အခါကိုဖန်တီးဖြစ်ပေါ်လာမှုကလည်း သက်ဆိုင်နေပြန်ပါတယ်။.

မုဒိမ်းမှု ကျူးလွန်ခြင်းဟာ ဖွံဖြိုးတိုးတက်မှု၊ ချမ်းသာကြွယ်ဝမှု၊ ပညာတတ်မြောက်မှု စတဲ့အချက်တွေနဲ့ တိုက်ရိုက် သက်ဆိုင်မှု မရှိဘူးဆိုတာကိုတော့ အောက်မှာဖော်ပြထားတဲ့နိုင်ငံတွေကို ကြည့်ပြီးလေ့လာသုံးသပ်နိုင်ပါတယ်။ ကမ္ဘာပေါ်တွင် မုဒိမ်းမှု အများဆုံးဖြစ်တဲ့ (၁၀)နိုင်ငံကတော့

(၁) အမေရိကန် ပြည်ထောင်စု

(၂) တောင်အာဖရိက

(၃) ဆွီဒင်

(၄) အိန္ဒိယ

(၅) ယူကေ

(၆) ဂျာမဏီ

(၇) ပြင်သစ်

(၈) ကနေဒါ

(၉) သီရိလင်္ကာ

(၁၀) အီသီယိုပီးယား တို့ဖြစ်ကြပါတယ်။

မုဒိမ်းမှုတွေဟာ ကမ္ဘာတစ်ဝန်း တိုးတက်လာနေတဲ့အတွက် အမျိုးသမီးတွေရဲ့ လုံခြံုရေးအတွက် အရေးဆိုမှုတွေကလည်း များပြားလာနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေရှိနေသမျှတော့ ဒီကမ္ဘာမြေပေါ်မှာ စိတ်ပျက်ဝမ်းနည်းဘွယ်ကောင်းတဲ့ လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုတွေကတော့ ဆက်လက်ဖြစ်ပေါ်နေဦးမှာမလွဲပါဘူး။ ကမ္ဘာမြေအေးချမ်းပါစေ။

ကိုးကား။ ။ Wonderlist

Credit: ဆန်းသစ်မြန်မာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။