မကြာသေးမီက စတင်ပြုလုပ်ခဲ့တဲ့ မြန်မာ့ပထမဆုံး 3D လူကူးမျဉ်းကျားကို ရန်ကုန်မြို့မှာစတင်ပြုလုပ်ခဲ့ပြီး ပြည်တွင်း ခရီးသွားများစွာနဲ့ ပြည်သူတို့ရဲ့ ရင်တွင်းအသံတွေကိုလည်း လိုက်လံမေးမြန်းခဲ့ပါတယ်။ အမိုက်စား3D လူကူးမျဉ်းကျားတွေကို ခရီးသွားပြည်သူများစွာနဲ့ ယာဉ်မောင်းညီအကိုများစွာက သဘောကျနှစ်သတ်ခဲ့ပြီး သာမာန်ထက် ယာဉ်တိုက်မှု ယာဉ်ကြောပိတ်ဆို့မှုတွေလျော့နည်းခဲ့ကြောင်း စစ်တန်းများအရသိရပါတယ်။ အဆိုပါ 3D လူကူးမျဉ်းကျားများကို HEINEKEN Myanmar Ltd က ကုန်းလမ်းပို့ဆောင်ရေးညွှန့်ကြားမှုဦးစီးဌာန နှင့် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

လက်ရှိ 3D လူကူးမျဉ်းကျားများကို ပြည်လမ်းပေါ်ရှိ ပညာရေးတက္ကသလိုလ်လေ့ကျင်းရေးကျောင်း (TTC) နှင့် Junction Square ကြားတွင် ရေးဆွဲထားပြီး ပြည်တွင်း Graffiti ပညာရှင် အာကာကျော်မှ ရေးဆွဲပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပြည်တွင်း3D လူကူးမျဉ်းကျားပြုလုပ်မှုနဲ့ပတ်သက်ပြီး Technische Universität Berlin တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ပါမောက္ခ ဒေါက်တာ Felix Wilhelm Siebert ရဲ့ ပြည်တွင်း စစ်တမ်းများအရ "ခြေကျင်လျှောက်သူများဘေးကင်းလုံခြုံရေးသည် မြန်မာနိုင်ငံတွင် အရေးပါသောအကြောင်းအရာဖြစ်ပြီး၊ သာမန် လူကူမျဉ်းကျားများအပြင် 3D လူကူးမျဉ်းကျားသည် လမ်းပေါ်တွင် အသက်အန္တရာယ် ထိခိုက်မှုကို အကာ အကွယ်ပေးနိုင်သည့် အဓိကကျသော အခြေခံအဆောက်အဦတစ်ခုဖြစ်ကြောင်း ၎င်းကဆိုပါတယ်။ ဒါအပြင် 3D လူကူး မျဉ်းကြားသည် လူတို့အား ပိုမိုသိသာသောအမြင်အာရုံဖြင့် ဆွဲဆောင်နိုင်ပြီး ခြေကျင်လျှောက်သူအများစုမှ ပို၍ အန္တရာယ်ကင်းသည်ဟု ထင်မြင်ကြောင်းဖြေဆိုကြပြီး၊ ပထမအကြိမ်လုပ်ဆောင်သော စစ်တမ်းသည် အပြုသဘောဆောင်သော ရလဒ်များရရှိခဲ့ပြီး၊ ပိုမိုတိကျပြီး ရေရှည်အကျိုးသက်ရောက်မှုအတွက်ကိုမူ သုတေသနများ ဆက်လက်လုပ်ဆောင်ရန်လိုသည်"ဟု ပြောပြခဲ့ပါတယ်။  

အဆိုပါက 3D လူကူးမျဉ်းကျားတွေနဲ့ပတ်သက်ပြီး “ဒီ 3D လူကူးမျဉ်းကျားကို ရေးဆွဲရသောအဓိကအကြောင်းအရင်းကတော့ - လူကူးမျဉ်းကျားကို ခြေကျင်လျှောက်သူ များပိုမိုအသုံးပြုလာစေရန်နှင့် မော်တော်ယာဉ်မောင်းနှင်သူများမှ လူကူမျဉ်းကျားမရောက်မှီတွင် ယာဉ်အရှိန်ကို လျော့ ချပေးကြရန် အသိပညာမြင့်တင်ပေးနိုင်ရန်အတွက် ဖြစ်တယ်"လို့ HEINEKEN Myanmar မှ Corporate Affairs Director ဖြစ်သူ Ms. Holly Bostock ကပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အမိုက်စား 3D လူကူးမျဉ်းကျားတွေနဲ့ ခေတ်မီနိုင်ငံတော်အသစ်တည်ဆောက်နိုင်ရန် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုတွေ လိုအပ်လျှက်ရှိကြောင်းသိရပါတယ်။ မကြာသေးမီက ရေးဆွဲခဲ့တဲ့ ရန်ကုန်မြို့ 3D လူကူးမျဉ်းကျားပုံရိပ်အချို့ကို ပြသရင်း ပြည်တွင်း ယာဉ်မောင်းညီအကိုတွေနဲ့ ခရီးသွားပြည်သူတွေ ပိုမိုအဆင်ပြေနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Photos - HEINEKEN Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။