ဟေတီနိုင်ငံအတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေကတော့ လက်ရှိအချိန်မှာ စားနပ်ရိက္ခာရှားပါးမှု ဒဏ်တွေကို အလူးအလဲခံနေရပါတယ်လို့သိရပါတယ်။

ဘယ်လောက်ထိအခြေအနေဆိုးနေလဲဆိုရင် ၎င်းပြည်သူတွေဟာ ထမင်းစားဖို့အစား ရွံ့စေးဖြူတွေကိုစားပြီး သူတို့ရဲ့အာဟာရကို ဖြည့်တင်းနေရပါတယ် လို့သိရပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းမှာလည်း ပဋိပက္ခတွေ များစွာဖြစ်ပေါ်နေတာကြောင့် နေ့တိုင်းနီးပါး သေနတ်သံတွေကိုကြားနေပြီး ဘယ်သူမှ အပြင်မထွက်ရဲကြပါဘူး။

ဒါ့ကြောင့် သူတို့အနေနဲ့ ဈေးကိုသွားဖို့ဆိုတာလည်း မဖြစ်နိုင် ဆန်ဝယ်ဖို့လဲ မတတ်နိုင်တာကြောင့် သန့်စင်တဲ့ ရွံ့စေးဖြူတွေကို ကိတ်မုန့်ပုံစံလုပ်ပြီး စားနေကြရတာပဲဖြစ်ပါတယ်။ 

ဒေသခံပြည်သူတစ်ယောက်ဖြစ်တဲ့ လူဝီဆာနာ ဂျိုးဆက် ဟာဆိုရင်လည်း “ကျမ ရွှံ့စေးဖြူတွေကို စားတယ်။ ဘာလို့လဲဆိုတော့ ဆန်ဝယ်ဖို့ မတတ်နိုင်ပါဘူး။ ဆန်ဝယ်ဖို့လည်း ပိုက်ဆံအလုံအလောက် မရှိဘူး။ ရွှံ့စေးဖြူအခဲရောင်းဖို့ ဈေးထဲသွားတဲ့ ကျမအမ သေနတ်နဲ့ပစ်ခံရလို့ ဆေးကုနေရတယ်။ အဲဒါကြောင့် ကျမလည်း သွားမရောင်းရဲဘူး။ ဈေးမထွက်ရတော့ စားစရာလည်းမရှိဘူး။ ကျမတို့တွေ ဆာလောင်နေရပါတယ်” ဆိုပြီး သူမရဲ့ရင်တွင်းစကားတွေကို ဖွင့်ဟပြောဆိုခဲ့ကြောင်းသိရပါတယ်။ 

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။