အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူပြောခဲ့တာကတော့ အီရန်အစိုးရရဲ့ ရေနံမှောင်ခိုရောင်းဝယ်မှုတွေကို တိုက်ဖျက်ရေးအတွက် အစ္စရေးရေတပ်က လုပ်ဆောင်ပေးနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် အီရန်ဟာ လက်ရှိအချိန်မှာ ရေနံတွေကို သဘောၤနဲ့တင်ပို့ဖို့ ပုန်းလျှိုးကွယ်လျှိုး စီစဉ်နေဆဲပဲလို့လည်း ပြောကြားခဲ့ပါတယ်။

သို့ပေမယ့် အစ္စရေးအနေနဲ့ အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို ဘယ်လိုတားမယ် ၊ အီရန်သဘောၤတွေနဲ့ ပင်လယ်ထဲမှာ ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောကြားထားခြင်းမရှိသေးပါဘူး။ 

အမေရိကန်နိုင်ငံဟာဆိုရင်လည်း မနှစ်က အီရန်နဲ့ သဘောတူညီထားတဲ့ နျူကလီးယား စွန့်လွှတ်ရေးသဘောတူညီချက်ကနေ နှုတ်ထွက်ပြီး အီရန်ကို ဒဏ်ခတ်ကာ ရေနံတင်ပို့မှုကိုလည်း လုံးဝထိန်းချုပ်ကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။