ဘရာဇီးစတား နေမာ ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ် ပွဲစဉ် က အောင် ပွဲခံဟန်ကြောင့် ဝေဖန် မှုတွေနဲ့ ရင် ဆိုင် ခဲ့ရသလို အပြစ် ဒဏ် ချမှတ် ခံရနိုင် ဖို့လည်း ရှိနေနိုင် ပါတယ် ။

ပါရာဂွေးကို အနိုင် ရရှိခဲ့တဲ့ ပွဲစဉ် မှာ နေမာဟာ ဘရာဇီး အတွက် ဒုတိယမြောက် ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။ ဂိုးသွင်းအပြီးမှာနေမာ ဟာ ကွင်းထောင့် က အလံတိုင် ( ထောင့်ကန်ဘောအလံတိုင် ) ကို ဖြုတ် ခဲ့ပြီး ဒူးထောက် ကာ စနိုက် ပါ သမားတစ် ဦး ချိန် ရွယ် နေတဲ့ ဟန် ပန် နဲ့ အောင် ပွဲခံသွားခဲ့ပါတယ် ။

ဒါဟာ ဖီဖာ ရဲ့ ဘောလုံးစည်းမျဉ်း နဲ့ ငြိစွန်းနိုင် ပြီး အပြစ် ဒဏ် ကျခံရနိုင် ခြေရှိတယ်လို့ သိရပါတယ် ။ PSG တိုက် စစ် မှုး ကာဗာနီ ဟာ ယခုရာသီအတွင်းက လန်းစ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ နေမာ ကဲ့သို့ စနိုက် ပါ ပုံစံ အောင် ပွဲခံခဲ့မှုကြောင့် အဝါကဒ် ပြသခံခဲ့ရပါတယ် ။ ကာဗာ နီ ဟာ နေမာလို အလံတိုင် ကို မချွတ် ခဲ့ပေမယ့် လွန် ကဲတဲ့ အပြုအမူ ၊ မဖြစ် သင့်တဲ့ အောင် ပွဲခံမှုကို ပြုလုပ် ခဲ့တာကြောင့် အဝါကဒ် ထိခဲ့တယ် လို့ သိရ ပါတယ် ။

ဝေဖန် သူအချို့က တော့ နေမာ အ နေနဲ့ အလံတိုင် ကို ဆွဲနှုတ် ကတည်းက အဝါကဒ် ထိသင့်တယ် လို့ ဆိုခဲ့ကြပြီး အချို့က တော့ ဒါဟာ ဘယ် သူ့ကိုမှ ထိခိုက်ခြင်းမရှိသလို ပျော် ရွှင် ရ အောင် လုပ် ဆောင် ခဲ့တဲ့ အောင် ပွဲခံမှု ပါလို့ ကာကွယ် ပြောဆိုခဲ့ကြပါတယ် ။

သေနတ် ပုံစံ အောင် ပွဲခံမှု တွေဟာ ယခင် ဘောလုံးလောကမှာ နာမည်ကြီးတဲ့ အောင် ပွဲခံ ဟန် တွေဖြစ် ပါတယ် ။ အာဂျင် တီးနား တိုက် စစ် မှုး ဘာတစ္စတူတာ ဟာ ဂိုးသွင်းပြီးချိန် မှာ စက် သေနတ် ပစ် သလို အောင် ပွဲခံခဲ့သလို နာမည်ကျော် အိုင် ယာလန် တိုက်စစ် မှုး ရော်ဘီကိန်း ဟာလည်း သေနတ် ပစ် အောင် ပွဲ ခံမှု ကိုပြုလုပ် တက် သူဖြစ် ပါတယ် ။

ကွင်းအလံတိုင် နဲ့ အောင် ပွဲခံရမှာတော့ ကစားသမား အ တော် များများဟာ ထောင့်ကန် ဘော အလံတိုင် ကို ကန် ကျောက် ၍ဖြစ် စေ ၊ လက် ဖြင့် ရိုက် ပုတ် ၍ ဖြစ် စေ အောင် ပွဲခံတက်ကြ ပေမယ့် နေမာ လို အလံ တိုင် ကို ဆွဲချွတ်ပြီး အောင် ပွဲခံမှုမျိုးက တော့ ရှားပါးတဲ့ အရာဖြစ် ပါတယ် ။

Ref : AS

Photo : AS / Getty Images

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။