ရုရှားနိုင်ငံက အင်ဂျင်နီယာပညာရှင်တွေဟာ ရန်သူ့ဂြိုဟ်တုတွေကိုလေဆာရောင်ခြည်နဲ့ ပစ်ချနိုင်တဲ့ Laser Weapon ကိုပြီးစီးအောင်မြင်ခဲ့ပြီလို့ဆိုပါတယ်။ယခုဂြိုဟ်တုဖျက်လေဆာလက်နက်အသစ်ကို Beriev A-60 laser laboratory aircraft လေယာဉ်ကြီးရဲ့ အကူအညီထောက်ပံ့မှုနဲ့ တည်ဆောက်တပ်ဆင် ထားတာဖြစ်ပါတယ်။

လက်နက်ရဲ့အသေးစိတ်အချက်အလက်ကိုဖော်ပြထားခြင်းမရှိသလို ထုတ်ပြန်ကြေညာခဲ့တဲ့ သတင်းရင်းမြစ် ကိုလည်း လျှို့ ဝှက်ထားတယ်လို့သိရပါတယ်။A-60 laser laboratory လေယာဉ်ကြီးတွေကို ဆိုဗီယက်ယူနီယံခေတ်က စစ်ဖက်သယ်ယူပို့ဆောင်ရေးလေယာဉ်Ilyushin IL-76MD Airlifter ကြီးတွေကို အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။

ယခုဂြိုဟ်တုဖျက်လေဆာလက်နက်စီမံကိန်းကိုNPO Almaz ကုမ္ပဏီနဲ့အတူ Voronezh-based Chemical Automatics Design Bureau နဲ့ Beriev Aircraft ကုမ္ပဏီတို့

ပူးပေါင်းအကောင်အထည်ဖော်ခဲ့ကြတာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါလေယာဉ်ကြီးရဲ့ စွမ်းဆောင်ရည်တွေကဘယ်လိုတောင် အစွမ်းထက်လဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းလှပါတယ်။

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။