ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့မှာဆိုရင်တေ့ အီသီယိုးပီးယားနိုင်ငံထဲမှာ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ပါတယ်။

၎င်းခရီးသည်တင်လေယာဉ်ကတော့ အီသီယိုးပီးယား လေကြောင်းလိုင်းပိုင် ဘိုးရင်း 737 လေယာဉ်ဖြစ်ပြီး အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော် အဒစ်အဘာဘာ မြို့နားမှာ ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။

၎င်း ပျက်ကျလေယာဉ်ပေါ်မှာတော့ ခရီးသည် ၁၄၉ ယောက်နဲ့ လေယာဉ်အမှုထမ်း ၈ ယောက်တို့ လိုက်ပါလာခဲ့ကြပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ၎င်းလေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပေမယ့် ၎င်းလေယာဉ်ဟာ မတ်လ ၁၀ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲလောက်မှာ ပျံတက်သွားပြီး သိပ်မကြာခင်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့သိရပါတယ်။

အီသီယိုပီးယားလေကြောင်းလိုင်းအနေနဲ့လည်း ၎င်းလေယာဉ်ပျက်ကျရာနေရာကို ကယ်ဆယ်ရေးနဲ့ ရှာဖွေးရေးဝန်းထမ်းတွေ အလျှင်အမြန်စေလွှတ်ထားပြီး ကယ်ဆယ်မှုတွေကို အပြင်းအထန်ပြုလုပ်ပေးနေကြပါတယ်။

သို့ပေမယ့် လက်ရှိအချိန်မှာတော့ အသက်ရှင်ကျန်ရစ်သူနဲ့ သေဆုံးသူတွေရဲ့စာရင်းကို တော့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ သိရပ

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။