အောင်လအန်ဆန်းရဲ့ ညီတပည့်ဖြစ်သူတွေထဲမှာ အတော်ဆုံးနဲ့ အကောင်းဆုံးဖိုက်တာတွေကတော့ အနည်းငယ်လောက်သာ ရှိပါတယ်။ အဆိုပါ ညီတပည့်တွေထဲမှာ ပရိသတ်အချစ်တော် ဖိုးသော်နှင့်အတူ ချင်းပြည်နယ်မှာ ဖိုက်တာတစ်ဦးဖြစ်တဲ့ ထီရယ်ထန်းလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ ထီရယ်ထန်းကတော့ နပမ်းပညာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး နပမ်းပွဲပေါင်း ၅၀၀ နီးပါး အနိုင်ယူထားကာ ဖရီးစတိုင်လ်နဲ့ ဂရီကို-ရိုမန် နပမ်းနယူးယောက်ပြည်နယ်မှာ ချန်ပီယံတစ်ဦးဖြစ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။   

မကြာသေးမီက ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ One Championship ပြိုင်ပွဲမှာ ဝင်ရောက်ထိုးသတ်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပထမဆုံးပွဲမှာ အနိုင်ရလဒ်နဲ့ ကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကိုလည်း အထွဋ်အမြတ်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာသေးမီက ထီရယ်ထန်ကတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်ကို သွားရောက်ခဲ့ပြီး ပြည်တွင်း ဗုဒ္ဓနွယ်ဖွားတွေနဲ့အတူ အမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။  

အမေရိကန်နိုင်ငံမှာ အနေကြာခဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း အမိမြေကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကိုလည်း အလေးထားယုံကြည်သူတစ်ယောက်လည်းဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ အောင်လအန်ဆန်းရဲ့ ညီတပည့်ဖြစ်သူ ထီရယ်ထန်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

phtos - Tial Thang 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။