ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာတော့ မလေးရှားနိုင်ငံ ဆီလန်ဂေါ အရပ်က ဒေသခံတွေဟာ လေးစားစရာကောင်းတဲ့ လုပ်ရပ်တစ်ခုကို ဝိုင်းဝန်းပြုလုပ်ခဲ့ကြပါတယ်။

သူတို့ပြုလုပ်ခဲ့တဲ့လုပ်ရပ်လေးကတော့ ရေမြောင်းထဲကြပြီး ပြန်မတက်နိုင်ဖြစ်နေတဲ့ ကြံသူတော် တကောင်ကို ဘေးရန်မပေးဘဲ ဝိုင်းဝန်းကယ်တင်ပေးခဲ့တဲ့ လုပ်ရပ်လေးပဲဖြစ်ပါတယ်။ 

ဖြစ်ပုံကတော့ ကြံ့သူတော်လေးဟာ လူတွေနေထိုင်တဲ့ ဧရိယာနားကို ရောက်ရှိလာခဲ့ပြီးနောက် ရေမြောင်းထဲကို မတော်တဆ ပြုတ်ကျသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်းကြံ့လေးဟာ ကုန်းပေါ် ပြန်မတက်နိုင်တော့ဘဲ ရေမြောင်းထဲကနေ အော်ဟစ်အကူအညီတောင်းနေခဲ့ပါတယ်။

ဒီဖြစ်ရပ်ကိုမြင်တွေ့ခဲ့တဲ့ ဒေသခံပြည်သူတွေဟာဆိုရင်လည်း ကြံလေးကို ကယ်တင်ဖို့ကြိုးစားခဲ့ပေမယ့် ကြံ့လေးက ကြောက်နေခဲ့တာကြောင့်ဆွဲမတင်နိုင်ဖြစ်ခဲ့ရပါတယ်။  

အဲ့ဒီနောက်မှာတော့ ကြံ့လေးရဲ့ ခန္ဓာကိုယ်ကို ကြိုးတွေနဲ့ချည်ကာ ကရိန်းနဲ့မပြီး ကယ်တင်ပေးခဲ့တဲ့အတွက် ကြံ့လေးဟာ ဘေးမသိရန်မခဘဲ ကုန်းပေါ်ပြန်ရောက်ခဲ့ရပါတယ်။ ကုန်းပေါ်ပြန်ရောက်လာတဲ့အခါမှာဆိုရင်လည်း ကြံ့လေးရဲ့ ခန္ဓာကိုယ်မှာ အသေးစား ထိခိုက်ဒဏ်ရာတွေတွေပရတာကြောင့် ဒေသတွင်းစောာင့်ရှောက်ရေး စင်တာတခုကို ပို့ဆောင်ပြီး ဆေးကုသပေးထားတယ်လို့သိရပါတယ်။

ပရိသတ်တွေအတွက် ကြံ့လေးကို ဝိုင်းဝန်းကယ်တင်ပေးနေတဲ့ ကြည်နူးစရာ ဗီဒီယိုဖိုင်လေးကို ပါ တပါတည်း ဖော်ပြပေးလိုက်ပါတယ်နေ

source - CBS 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။