ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အကြမ်းဆုံး အရမ်းဆုံး လူဆုး ဂိုဏ်းတွေထဲမှာမှ ရုပ်ရှင် ဇာတ်ကားတွေထဲကလို ခေတ်မှီလက်နက်တွေပိုင်ဆိုင်ထားတဲ့ လူဆိုးဂိုဏ်းတစ်ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီဂိုဏ်းဟာ စစ်ဘက်ရေးရာ နောက်ခံပါရှိနေသည့် ဂိုဏ်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင်များကို ကောင်းစွာလေ့ကျင့်ပေးထားပါတယ်။ ဒါ့အပြင်အဆင့် မြင့် နည်းပညာများကို သုံးစွဲကာ မက္ကဆီကိုနိုင်ငံတွင် အခြေချကာ လှုပ်ရှားခဲ့သည့် ယင်းဂိုဏ်း သည် မက္ကဆီကို တပ်မတော်မှ ထွက်ခဲ့ရသည့် ရာဇဝင် လူဆိုးများဖြင့် ဖွဲ့စည်းထားသည့် Los Zetas ဆိုတဲ့ ဂိုဏ်းပဲ ဖြစ်ပါတယ်။ 

အစပိုင်းတွင်Los Zetas သည် ပင်လယ်ကွေ့မှ စီးပွားရေး လုပ်ငန်းရှင်အဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အလုပ်ရှင်ကို သစ္စာ ဖောက်ဖျက်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ အာ့အချိန်မှစပီး Los Zetas သည် များစွာသော အစိုးရအဖွဲ့များ၏ အထိတ်လန့်ဆုံး ဂိုဏ်း တစ်ခုဖြစ်လာခဲ့ပါတယ်။ ခေတ်မီလက်နက်များတပ်ဆင်ထားသည့် Los Zetas သည် နည်းပညာကျွမ်းကျင်သူများဖြင့်ဖွဲ့စည်းထားသည့် အန္တရာယ် ကြီးမားသော ဂိုဏ်းတစ်ခုဖြစ်သဖြင့် ယင်းဂိုဏ်းကို ကိုင်တွယ်ရန် ခက်ခဲခဲ့ပါတယ်။ 

အာ့အဖွဲ့ဟာ လုပ်ကြံသတ် ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ခြင်း၊ခြိမ်းခြောက်၍ ငွေညှစ်ခြင်းအပါအဝင် ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ကြပါတယ်။ ဂိုဏ်းသားများသည် အော်တိုမက်တစ် လက်ကိုင်သေနတ်များမှသည် လောင်ချာများအထိ ကိုင်ဆောင်ကာ တိုက်ခိုက် မှုများကို ပြုလုပ်နိုင်ကြသည်အထိ ကြမ်းတမ်းတဲ့ ဂိုဏ်းလည်း ဖြစ်ပါတယ်။ 

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။