ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အချောအလှလေးတွေပေါများတဲ့ နိုင်ငံတွေထဲမှာမှ ဥရောပဆန်ဆန်အလှပဂေးလေးတွေရှိတဲ့ ယူကရိန်းနိုင်ငံအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ယူကရိန်းနိုင်ငံဟာ ဥရောပအရှေ့ပိုင်းမှာ တည်၇ှိပီး ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်လို့နေပါတယ်။ နိုင်ငံတွင်းမိန်းမဦးရေဟာ ယောကျာ်းလေးဦးရေထက်ပိုများပီး အမျိုးသမီးများဟာ စလိုဗက်မျိုးရိုးသွေးပါလို့ အသားရေဖြူစင်ဝင်းပပြီး နှာတံပေါ်လွင် အရေပြားညက်ညောပြီး ချောမောလှပတဲ့ရုပ်ရည်ရှိပါတယ်။

ယူကရိန်းနိုင်ငံ ရုရှားနိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိ၍ အနောက်ဘက်၌ ရူမေးနီးယား နိုင်ငံနှင့် ပိုလန်နိုင်ငံ၊ တောင် ဘက်၌ ပင်လယ်နက်တို့ ရှိပါတယ်။ ယူကရိန်းနိုင်ငံသားတို့သည် ဆလဗလူမျိုးအနွယ်များ ဖြစ်ကြပြီး လူဦးရေ ၄၄၁ဝဝဝဝဝ ယောက်ခန့်ရှိပါတယ်။ မြို့တော်မှာ နီးပါးမြစ်ပေါ်ရှိ ကီးယက်မြို့ ဖြစ်ပီး အခြား မြို့ကြီးများမှာ ပင်လယ်နက်ပေါ်ရှိ ဆိပ်ကမ်းမြို့ ဖြစ်သော အိုဒက်ဆာမြို့နှင့် ခါးရကပ်မြို့များ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ယူကရိန်းနိုင်ငံသည် စစ်မြေပြင် ဖြစ်ခဲ့ရပီး ၁၉၄၁ ခုနှစ်တွင် ဂျာမန်စစ်တပ်များသည် တစ်နိုင်ငံလုံးကို သိမ်းပိုက်ထားခဲ့ပါတယ်။ 

၁၉၄၄ ခုနှစ်တွင် ရုရှားစစ်တပ်များက ဂျာမန်တို့ကို နိုင်ငံတွင်းမှ တိုက်ထုတ်ခဲ့ကြကာ စစ်ဒဏ်ကြောင့်ည ယူကရိန်းနိုင်ငံရှိ မြို့ကြီးများ၊ စက်ရုံကြီး များမှာ စစ်ဒဏ်ကြောင့်များစွာ ပျက်စီးကုန်ပါတယ်။ စစ်ပွဲပြီး သောအခါ ချက်ကိုစလိုဗားကီးယားနိုင်ငံက ရုသီးနီးယားနယ် တွင် ယူကရိန်းနိုင်ငံသို့ ပေးအပ်ခဲ့ရပါတယ်။ ဒါလေးကတော့ ယူကရိန်းနိုင်ငံနဲ့ ပက်သတ်ပြီး ဗဟုသုတရစေရန်အတွက် တင်ပြပေးတာ ဖြစ်ပြီး ယူကရိန်းနိုင်ငံသူလေးတွေရဲ့ အလှနဲ့ ယူကရိန်းနိုင်ငံရဲ့ သမိုင်းကြောင်းအနည်းငယ်ကို သိရှိစေရန်အတွက် ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။  

Source : Tin Hlaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။