တိမ်ကောပျောက်လုနီးပါးရှိနေတဲ့ မြန်မာ့ရိုးရာတေးဂီတတွေကို ပြည်တွင်း ပရိသတ်တွေလည်း ကြားနိုင်ဖို့မလွယ်ကူတော့ပါဘူး။ ခေတ်ရေစီးကြောင်းနဲ့ လိုက်ကာ ရိုးရာအငြိမ့်ပွဲတွေမှာတောင် သမိုင်းဖော် ပြဇာတ်တွေထက် ခေတ်ပေါ် အလန်းလေးတွေကိုပဲ နေ့စဉ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အဆိုပါ ခေတ်ပေါ်လောကကြီးမှာ မြန်မာတူရီယာတွေကို တီးခတ်နေတဲ့ ဆယ်နှစ်ဝန်းကျင် ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ 

အဆိုပါ ကလေးငယ်လေးတွေကတော့ အင်းတော် လက်ပန်ကုန်းရွာ မှ ကလေးငယ်လေးတွေဖြစ်ပြီး စည်တော်ပင့်ဆောင်ပွဲမှာ တီးခတ်ပြခဲ့တဲ့ မြန်မာ့တေးဂီတစစ်စစ်တွေပဲဖြစ်ပါတယ်။ ၎င်းပွဲလေးကိုတော့ မတ်လ ၉ရက်နေ့ မကြာသေးမီကပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိကြည့်ရှု့သူပေါင်း သိန်းချီရှိခဲ့ပြီပဲဖြစ်ပါတယ်။  

အဖွဲ့ညီညီတီးခတ်ခဲ့ကြတဲ့ မြန်မာ့ရိုးရာတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လာရောက်တဲ့ ဧည့်ပရိသတ်တွေကိုလည်း ကျေနပ်ပီတိဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာဂီတကို ထိန်းသိမ်းစောင့်ရှောက်ရင်း မကြာသေးမီကတီးခတ်ခဲ့ကြတဲ့ ဆယ်နှစ်ဝန်းကျင်ကလေးငယ်တွေရဲ့ မြန်မာ့တီးဝိုင်းဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွ်ကမျှဝေပေးလိုက်ပါတယ်။

vide0 - than htay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။