ယနေ့ခေတ်ကာလမှာတော့ အမျိုးသမီးလေးတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ဓာတ်ပုံအလန်းလေးတွေကို တင်နိုင်ဖို့အတွက် ဘယ်နေရာရောက်ရောက် ဓာတ်ပုံရိုက်လာကြတာတွေ့ရပါတယ်။

ထိုသို့ ဓာတ်ပုံအရမ်းရိုက်ကြတဲ့သူတွေထဲမှာတော့ ဓာတ်ပုံကောင်းကောင်းလေးတွေရရှိခဲ့ကြသူတွေလည်းရှိသလို ဘေးအန္တရာယ်မကြည့်ဘဲ ဓာတ်ပုံရိုက်ဖို့ ကြိုးစားမိတာကြောင့် အသက်သေဆုံးခဲ့ရသူတွေလည်း ရှိကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဆိုရင်လည်း အမျိုးသမီးလေးတစ်ဦးဟာ ကျားသစ်နက်တစ်ကောာင်ရဲ့အတူ ဆယ်ဖီရိုက်ဖို့ကြိုးစားရင် အသက်သေဆုံးရမယ့်ဘေးကနေ သီသီလေးလွတ်ခဲ့တဲ့ ဖြစ်ရပ်တခုဖြစ်ပေါ်ခဲ့ပါတယ်။  

၎င်းဖြစ်ရပ်ကတော့ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနက်စ်မြို့အနီးက ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ဥယျာဉ်မှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

ဖြစ်ပုံကတော့ အမျိုးသမီးလေးဟာ ကျားသစ်နက်နဲ့ဆယ်ဖီအရမ်းတွဲရိုက်ချင်တာကြောင့် ကန့်သတ်ထားတဲ့နေရာကိုကျော်လွန်ပြီး ကျားသစ်နဲ့အရမ်းနီးကပ်တဲ့နေရာကို သွားရောက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆယ်ဖီရိုက်ဖို့ ကြိုးစားနေစဉ်အတွင်းမှာပဲ ကျားသစ်နက်ဟာ အမှတ်မထင် လက်သည်းတွေနဲ့ သူမကိုတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

ကျားသစ်နက်ရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတဲ့၎င်းအမျိုးသမီးဟာဆိုရင်လည်း မြေကြီးပေါ်မှာ လွန့်လူးပြီး နာကျင်လွန်းလို့ အော်ဟစ်နေခဲ့တာတွေ့ရပါတယ်။

သို့ပေမယ့် တိရစ္တာန်ဥယျာဉ်တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်ဟာ ကျားသစ်နက်ရဲ့အမှားမဟုတ်ဘဲ ကန့်သတ်ထားတဲ့နေရာထိသွားပြီး ဓာတ်ပုံရိုက်ဖို့ကြိုးစားခဲ့သူရဲ့အမှားဖြစ်တာကြောင့် ကျားသစ်နက်ကို အပြစ်ပေးမှာမဟုတ်ဘူးလို့သိရပါတယ်။

ပရိသတ်တွေရဲ့သူငယ်ချင်းတွေထဲမှာလည်း အန္တရာယ်ကိုမမှုဘဲ ဓာတ်ပုံရိုက်ဖို့ကြိုးစားတတ်သူတွေရှိရင် ဒီဖြစ်ရပ်လေးကိုကြည့်ပြီး စံနမူနာယူနိုင်စေဖို့ ဝေမျှပေးခဲ့ကြပါဦးနော်။

source - On The News Line

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။