မကြာသေးမီက ရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Onc Championship ပြိုင်ပွဲမှာ ညီတပည့်တွေရဲ့ ပွဲတွေကို ကိုယ်တိုင်လာရောက်အားပေးမှုအပြီး ပြည်ပကို ပြန်လည်ထွက်ခွာသွားပြီဖြစ်တဲ့ အောင်လအန်ဆန်းကိုတော့ အားလုံးချစ်ကြမယ်ထင်ပါတယ်။ မတ်လ ၃၁ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်မည့် မစ်ဒယ်ဝိတ်တန်းခါးပတ်ကာကွယ်မှုအတွက်ပြင်ဆင်မှုတွေပြုလုပ်ရန် ကြိုတင်ထွက်ခွာသွားတာဖြစ်ကြောင်း သိရပါတယ်။  

အောင်လအန်ဆန်းကတော့ နိုင်ငံတကာမှ နိုင်ငံလက်ဝှေ့ပညာတွေကို လေ့လာသင်ယူနေသူတစ်ယောက်ဖြစ်ပြီး ပြည်တွင်းမြန်မာ့ရိုးရာလက်ဝှေ့ပညာကိုလည်း စိတ်ဝင်တစားလေ့လာတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပြည်ပကို မထွက်မခွာမီ မြန်မာ့လက်ဝှေ့လောကရဲ့ လက်ရှိချန်ပီယံဒေဝနဲ့အတူ သွားရောက်လေ့ကျင့်ခဲ့ပြီး အမှတ်တရဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာတွေ့ရပါတယ်။  

အဆိုပါ သွားရောက်မှုမှာတော့ အောင်လအန်ဆန်း၊ ဒေဝနဲ့အတူ အမေရိကန်ဖိုက်တာ CHAS SKELLY တို့လည်းပါဝင်ခဲ့ကြောင်းသိရပါတယ်။ အမိုက်စားဖိုက်တာကြီးတွေအတူလေ့ကျင့်မှုကိုတော့ အောင်လအန်ဆန်းရဲ့ဖေစ့်ဘွက်ပေါ်မှာ ပြသထားပြီး အမှတ်တရတစ်ခုအဖြစ် ကျန်ရစ်နေမှာအမှန်ပဲဖြစ်ပါတယ်။ မကြာမီ ထိုးသတ်မည့် အောင်လအန်ဆန်း နဲ့ ခန်ဟစဲဂါဝါတို့ရဲ့ ပွဲကို အတူတူအားပေးရင်း အောင်လရဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။