ဒီအမျိုးသမီးလေးကတော့ အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှာနေထိုင်တဲ့ Kayleigh Pech ဖြစ်ပြီး သူမဟာ ငယ်ငယ်လေးထဲက တက်တူးပညာရှင်ဖြစ်ဖို့ ရည်ရွယ်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် သူမဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာ မိသားစုကိစ္စ ချစ်သူရည်းစားကိစ္စတွေကြောင့် သူမရဲ့စိတ်ကူးအိမ်မက်တွေဟာ ပျက်ဆီးရတော့မလိုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် Kayleigh Pech ကတော့ သူမရဲ့စိတ်ကူးအိမ်မက်ကို အပျက်အစီးမခံဘဲ အသက် ၁၈ နှစ်အရွယ်မှာ ခြေထောက်မှာတက်တူးအသေးလေးတစ်ခုစတင်ထိုးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမရဲ့ ရင်ဘတ်တခုလုံးမှာ တက်တူးတွေဖြည့်ခဲ့ပြီး အိမ်မက်အဆီကိုအရောက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဘာကြောင့်အခုလိုလုပ်ရတာလဲဆိုရင် တက်တူးတွေနဲ့အမျိုးသမီးဆိုရင် လူအများက အလုပ်မခန့်ချင်ကြဘူး အဲ့တာကြောင့် တက်တူးတွေသာ များများထိုးလိုက်မယ်ဆိုရင် တခြားအလုပ်လုပ်ဖို့ထက် ကိုယ်ဖြစ်ချင်တဲ့ တက်တူးထိုးပညာရှင်အလုပ်ကိုပဲ စိတ်ပိုနှစ်နိုင်လိမ့်မယ် ဆိုတဲ့ခံယူချက်ကြောင့်ပဲဖြစ်ပါတယ်။ 

သူမအခုလိုခံယူထားရင်းအသက်ဆက်နေစဉ်အတွင်းမှာတင် သူမထိုးထားတဲ့တက်တူးတွေကြောင့် မိဘတွေနဲ့ အဆင်မပြေဖြစ်ခဲ့တယ် ပီးတော့ အရမ်းရှက်တတ်တဲ့သူမရဲ့စိတ်ကြောင့် တက်တူးပညာရှင်ဖြစ်မလာမှာကို စိုးရိမ်ပြီး သူမရဲ့ဘဝတစ်စိတ်တပိုင်းကို ကိုယ်စားပြုတဲ့ cursed (မနှစ်မြို့စရာ) ဆိုတဲ့တက်တူးကို သူမရဲ့မျက်နှာပေါ်မှာ ထိုးခဲ့ပါတယ်။

ဘာကြောင့်ထိုးရတာလဲဆိုရင်တော့ သူမရဲ့ဘဝမှာ ဆိုးရွားမှုတွေနဲ့ပဲ ရုံးကန်နေခဲ့ရတယ် ၊ မိသားစုအရေး နောက်ဆုံး အချစ်ရေးကအစ အဆင်မပြေမှုတွေနဲ့ ကြိုးစားရုန်းကန်ခဲ့ရတာကြောင့် အဲ့ဒီ cursed ဆိုတဲ့ စကားလုံးကို ရေးထိုးခဲ့တာပဲဖြစ်ပါတယ်။

၎င်းတက်တူးကို ရေးထိုးပြီးနောက်မှာတော့ သူမဟာအရင်ကထက် ပိုပြီး သတ္တိတွေရှိလာခဲ့တယ် ၊သူမကို ဝါသနာကို မနှစ်မြို့တဲ့ မိသားစုကိုလည်း လက်ခံလာအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။

အခုဆိုရင် Kayleigh Pech ဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီးဖြစ်ပြီး သူမရဲ့စိတ်ကူးအိမ်မက်ထဲကအတိုင်း ရင်ဘတ်ထဲက လာတဲ့ အနုပညာကို ဆေးစက်တွေနဲ့ ပုံဖော်ပြီး ခန္ဓာကိုယ်မှာ ရေးထိုးပေးတဲ့ တက်တူးပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေနိုင်နေပြီပဲဖြစ်သလို လူကြိုက်များတဲ့ မော်ဒယ်တစ်ယောက်အဖြစ်လည်း ရပ်တည်နေနိုင်နေပြီပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒီသတင်းလေးကိုဖတ်ပြီး တက်တူးထိုးထားတဲ့ လူတိုင်းကို လူရမ်းကား ။လူဆိုးလူမိုက် ၊ မိန်းမပျက်တွေလို မသတ်မှတ်ကြဘဲ တက်တူးကို တကယ်ရူးသွပ်လို့ ထိုးထားကြတဲ့ တချို့သောသူတွေကို လက်ခံနားလည်ပေးနိုင်ကြမယ်လို့ထင်ပါတယ်။  

source  - Birmingham Live

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။