Shawn Mendes ဟာဆိုရင် ကမ္ဘာကျော် Pop အဆိုတော်တစ်ယောက်ဖြစ်ကာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီတစ်ခိုင်ဆိုလဲမမှားပါဘူး။ သူရဲ့အောင်မြင်မှုဟာလဲ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တာဖြစ်ပါတယ်။ သူဟာတစ်ချိန်က Justin Bieber ရဲ့ လက်ရှိမိန်းမဖြစ်သူ Hailey Baldwin နဲ့ချစ်သူတွေဖြစ်ခဲ့တာဖြစ်ပါတယ်။ Shawn နဲ့ Hailey တို့နှစ်ယောက်ချစ်သူတွေဖြစ်နေတဲ့ချိန်မှာ JB ဟာလဲ Selena Gomez နဲ့ချစ်သူတွေဖြစ်နေတာဖြစ်ပါတယ်။  

Shawn Mendes နဲ့ Hailey Baldwin တို့ဟာ အောက်တိုဘာလ ၂၀၁၇ခုနှစ်ကနေ မေလ ၂၀၁၈ခုနှစ်ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ချစ်သူဖြစ်နေစဉ်တုန်းက သူတို့နှစ်ယောက်လုံးဟာ ချစ်သူတွေဆိုတာကို အတည်မပြုထားခဲ့ကြပါဘူး...သို့သော်လဲ သတင်းသမားတွေကြောင့် သူတို့နှစ်ယောက်က ချစ်သူတွေဆိုတာသိရှိခဲ့ရပါတယ်။ လူအတော်အများဟာဆိုရင် ချစ်သူကနေပြတ်သွားကြပြီးဆိုရင် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းလိုပြန်နေဖို့ဆိုတာ တော်တော်လေးကို ခတ်ခဲသွားပါတယ်။ 

တစ်ယောက်အချစ်ကို တစ်ယောက်လေးစားသလို လှောင်ပြောင်ချင်စိတ်မရှိတာတွေကြောင့် နှစ်ယောက်က သူငယ်ချင်းလို့နေဖို့ခတ်ခဲတာဖြစ်ပါတယ်။ အနုပညာလောကမှာဆိုရင် ပိုဆိုးပါတယ်။ သို့သော်လဲ တစ်နေ့တုန်းက Shaw ဟာသူရဲ့အရင်ကောင်မလေးဖြစ်သူ Hailey ရဲ့ပုံကို Like ပေးခဲ့ကာ JB က ပရိသတ်တွေရဲ့ ဝေဖန်မှုမလာခင် " သူတို့က သူငယ်ချင်းတွေပါ....စိတ်လျှော့ " ဆိုပြီးပြောခဲ့ပါတယ်။ သတင်းသမားတွေပြောကြားချက်အရ Hailey ဟာ JB ကိုမထားခဲ့သလို JB ကလဲ Hailey ကိုထားခဲ့မှာမဟုတ်ပါဘူး....။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။